Chapter 23

522 46 0
                                    

''ဟူး......။သခင်လေး ကျွန်တော်ပြီးပါပြီ။''

Joseph သေချာသပ်ရပ်စွာ စီထားသော documents ပုံကြားထဲကနေပြီးတော့ သေဘေးကနေလွတ်မြောက်တဲ့ မျက်နှာဖြင့်ပြောလိုက်သည်။

''ပြီးပြီလား။ ဟိုဘက်မှာ တစ်ပုံ ကျန်သေးတယ်။''

Alex လက်ညှိုးထိုးကာပြလိုက်တော့ Joseph တစ်ယောက် ကြက်သေ သေသွားပါတော့သည်။

သခင်လေးသိပ်ရက်စက်လှသည်။ သူအလုပ်မအားတိုင်း Joseph ကိုလည်း အားအားမနေခိုင်း။

အခုလည်း သူLabtop ကြည့်နေတဲ့ မျက်နှာက ချဥ်စုပ်ဖတ်နေသည်။ သခင်လေး စိတ်ရှုပ်နေသည်မှာအသေအချာပင်။

အဲ့ဒါကြောင့်မို့ Joseph အခုပိုပြီးအလုပ်တွေလုပ်နေရတာပေါ့။

Joseph အစီအရင်ခံစာတွေကို တစ်ရွက်ပြီးတစ်ရွက်စစ်ဆေးပြီး သခင်လေးကို ကြည့်လိုက်သည်။

သခင်လေး ကသူ့ထက်ပိုအလုပ်ရှုပ်ပြီး စိတ်ရှုပ်နေပုံပင်။

အမှန်တကယ်တော့ တကယ်ပင်ပန်းနေရတာ သူ
မဟုတ်လား။ အီတလီသွားမယ့်
ကိစ္စပြင်ဆင်ရတာနဲ့ ကြားထဲက
ပြဿနာတွေ မဖြစ်အောင်လုပ်ရတာ
သခင်လေးတာဝန်တွေကြီးပဲလေ။

ဒီကို သခင်မလေးကိုသူ မရမကပြန်ခေါ်ဖို့ လာခဲ့ပေမယ့် ဟိုမှာကျန်ခဲ့တဲ့တောင်လိုပုံနေတဲ့ အလုပ်တွေက သူ့ခေါင်းပေါ်အခုရောက်နေပြီလေ။

အဲ့ဒီဝေဒနာကို Joseph ပါအရစ်ကျ ခံစားနေရပြီလေ။ အမလေး ငါလေးကသနားစရာပါလား.....

ထို့နောက် အမြဲတစေရင်းနှီးနေကျ ဆေးနံ့ကြီးကို Joseph ရှူရှိုက်မိလေသည်။

ထိုအနံကိုဖြစ်စေသော တရားခံက သခင်လေးလက်ထဲက ဆေးလိပ်ပင်။

Joseph သက်ပြင်းချ၍

''ဟူး...။ သခင်လေး သောက်ပြန်ပြီလား။ ဒါကကြာလာရင် သခင်လေးကို ထိခိုက်စေပါလိမ့်မယ်။''

Alex ကတော့ ဂရုမစိုက်။ Sofa ပေါ်မှာ မှီလှဲ၍ ဆေးလိပ်သာ ဆက်ဖွာလျက်။

Joseph ပြောလည်း နားဝင်မှာမဟုတ်တဲ့ သခင်လေးကို သူဆက်မပြောတော့။ဒါပေမယ့်.....

''သခင်လေး သိလား?''

''ဘာလဲ''

''ဆေးလိပ်သောက်ထားတဲ့လူရဲ့ အဝတ်အစားမှာ ဆေးလိပ်နံ့က အကြာကြီးရှိနေတယ်ဆိုတာ''

Dear my foreigner husband (ချစ်ရပါသောပင်လယ်ရောင်မျက်လုံးပိုင်ရှင်လေး)Donde viven las historias. Descúbrelo ahora