11🚨

12.2K 114 3
                                    

နူးညံ့ခြင်းကင်းသော ခင်ပွန်း <part 11>

နှင်းမှာ လှည့်ထွက်သွားသည့် မင်းအဏ္ဍဝါကိုကြည့်ကာ ကျေးဇူးတင်နေမိသည်။ ပြီးမှ ကိုကို့ဆီလာကာ တွဲထူပြီး အခန်းထဲပို့ပေးလိုက်၏။ ကိုကိုကတော့ နှင်းကိုသာ ကြည့်နေလေသည်။

"ညီမလေး...."

"ရှင်...ကိုကို"

"ဟိုကောင်က ညီမလေးကို နှိပ်စက်နေတာလား"

နှင်းခေါင်းလေးခါလိုက်၏။

"မနှိပ်စက်ပါဘူးကိုကို။ အစက ဆိုးတယ်ထင်ရပေမဲ့ ညီမလေးပေါ်မှာ တအားမဆိုးပါဘူး။ ညီမလေး ကိုမချစ်ပေမဲ့ မနှိပ်စက်ပါဘူး။"

"ညီမလေးမပျော်ရင် ကိုကို့ဆီအပြီးပြန်လာနေ။ ညီမလေးကို စိတ်ဆင်းရဲစေမယ့် နေရာမှာမနေစေချင်ဘူး။"

"ညီမလေးကို စိတ်ဆင်းရဲအောင် သူမလုပ်ပါဘူးကိုကို။ ကိုကိုသာ ညီမလေးကို စိတ်ပူပြီး အရက်သမားကြီးမလုပ်ပါနဲ့နော်။ အရက်မသားကိုကို မလိုချင်ဘူး။ ညီမလေးရဲ့ကိုကိုက အမြဲတမ်းခန့်ညားသေသပ်နေတဲ့ လုပ်ငန်းရှင်ကြီးပဲ ဖြစ်စေချင်တာ။"

"ညီမလေး မကြိုက်တာ ကိုကိုမလုပ်ဘူး။ ဟုတ်ပြီလား။"

"ဟုတ်ကဲ့ ကိုကို။ ဒီနေ့ ကိုကို့ဆီမှာနေပြီး ကိုကို့ကို ညီမလေး ဟင်းချက်ကျွေးမယ်"

"ဘယ်လို...."

မိုးရိပ်မှာ နှင်းက ဟင်းချက်ကျွေးမည်ဆို၍ အံ့ဩသွားလေသည်။ မီးဖိုချောင်ထဲကို ယောင်လို့တောင် အဝင်မခံခဲ့သည့် သူ့ညီမလေးက အခု ဟင်းချက်ကျွေးမည်ဆို၍ အံ့ဩသွားလေသည်။

"ဟုတ်တယ်ကိုကိုရဲ့....ညီမလေး ချက်ကျွေးမယ်သိလား။"

နှင်းမှာ ပြောသည့်အတိုင်း မင်းအဏ္ဍဝါ သူမကိုသင်ပေးထားဖူးသည့် ကြက်ဥကြော်နည်းကို အသုံးချပြီးချက်ပြလေသည်။ မိုးရိပ်မှာ သူ့ညီမကို ကြည့်ပြီးပျော်နေမိသည်။

"ကိုကိုသိလား...အကိုအဏ္ဍဝါက ကြည့်တော့ဒေါသကြီးသလိုလိုနဲ့ တကယ်တမ်းကြတော့ နှင်းကို အကုန်လုပ်ပေးတယ်"

"ဟုတ်လား"

"နှင်းက မနက်ဆိုရင် အိုဗာတင်းနဲ့ကြက်ဥပြုတ်ရယ်။ ပန်းသီးရယ် စားတယ်ဆိုတာသိလို့ အမြဲဝယ်ပေးထားတာ။ ဟင်းချက်နည်းတွေသင်ပေးပြီး သူလည်းအတူတူချက်တယ်။"

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now