episode-42

3.4K 23 3
                                    

ဒေလီယာ ဟိုပုန်းဒီပုန်းနဲ့ နောက် ဆုံးတော့လည်း သူ့မရဲ့နေရာကိုပဲ ပြန်လာနေရသည်။ဒါတောင် အခုမှပြန်ရောက်စမို့ နောက်ဘယ်လောက်မှမကြာ သူမထပ်ပြေးရပေအုံးမည် ထင်သည်။

သူမ အခုလိုဖြစ်နေရတဲ့ တရားခံက သူမ အဒေါ်ပင်ဖြစ်သည်။ အဒေါ် သာပြောတယ်
ငယ်ငယ်ကတည်းက သူမကို အနိုင်ကျင့်တတ်သည့်သူမျိုးဖြစ်သည်။အကြီးဆိုပြီး ညှာတာမှုမရှိ သူ့ဥစ္စာ၊သူ့ပစ္စည်း၊ သူ့ပိုင်ဆိုင်မှု
အတ္တတွေသာဖုံးလွှမ်းနေသည်။

ကြာလာတော့ သည်းမခံနိုင်တော့ပေ၊ အဆိုးဆုံးက ဖေဖေက သူမ ကို အုပ်ထိန်းခွင့်ပေးသွားသည်။ အကျင့်ယုတ်တယ့်အမျိုးသမီးက တကယ်ကို သူမ နှင့် ဘာမှသွေးသားတော်စပ်မှုမရှိပေ။ ဒါပေမဲ့ မိမိက မကောင်းတာဘာမှမလုပ်ထားခဲ့၍ တစ်ချိန်ချိန်မှာတော့ ကံကြမ္မာက သူမကို မျက်နှာသာပေးလာမှာသေချာပါသည်။

ဒေလီယာရဲ့ အလုပ်ကစားသောက်ဆိုင်ဖွင့်ထားပြီး သူမကိုယ်တိုင်ကလည်းchiefတစ်ယောက်ဖြစ်ပါသည်။ ဟင်းချက်ကောင်းတဲ့ပါရမီကို မအေ ဆီက အေမြရထားတဲ့သူမဟာဘဝကို စားသောက်ဆိုင်လေးမှာပဲ ပုံအောကာ အေးအေးဆေးဆေး နေထိုင်မယ်လို့ရည်ရွယ်ထားပေမဲ့ သူမ အဒေါ်၏နှောက်ယှက်မှုကြောင့် သူမ၏ဆိုင်ကို သူမ အစ်မလို ခင်ရသည့် လူမဲအမျိုးသမီး ထံသာလက်လွှဲထားရသည်။

နောက်ဆုံးတော့သူမ ၏ ဆိုင်လေးကို သူမပြန်ရောက်လာရသည်။

"အမလေး ဆိုင်ပိုင်ရှင်ရယ် ဘယ်တွေအထိများ ခြေဆန့်နေခဲ့လို အခုမှပြန်လာရတာလဲ"

"ဟင်း သိတဲ့အတိုင်းပဲလေ merryရယ် ၊ကျွန်မ မိသားစုအေရးက အမွေကိစ္စတွေရှုပ်နေတဲ့ အခါကြတော့ ပြန်မလာနိုင်တာပါ"

"အင်းဒါတွေကလည်း ရှုပ်သား"

"ဒါနဲ့ ရှင့်သားလေးရော"

"ဒီနေ့ ကျောင်းပို့ထားရတယ်လေ၊ သြော်ဒီအပျိုကြီးနှယ် "

"ကျွန်မ အသက်28 ကျော်ကျော်လေးပဲရှိပါသေးတယ်"

"ဒေလီယာ ရှင်က အရွယ်တင်နုပျိုတာကတော့ မှန်ပေမဲ့၊ တဖြေးဖြေးနဲ့ လူလတ်ပိုင်းအရွယ်ဖြစ်လာပြီလေ၊ လက်ထပ်ဖို့ ရည်စူးထားတဲ့ လူတွေဘာတွေမရှိဘူးလား"

Bad Guy (လူဆိုး)Where stories live. Discover now