မနက် ၇:၃၀
အိပ်ရာဘေးမှ ဆူညံနေသော alarm သံကြောင့် Taehyun နိုးထ လာခဲ့သည်။ Taehyun မျက်စိတောင် မဖွင့်နိုင်သေးဘဲ ခနတာစဉ်းစားကြည့်သည်။ ယနေ့ တနင်္လာနေ့။ သူစိတ်ညစ်သွားသည်။ အခုဆက်အိပ်လို့မဖြစ်။ ကျောင်းသွားရဦးမည်။ ပျင်းစရာကောင်းတဲ့ တစ်ပတ်တာကို ပြန်လည်စတင်ရဦးမည်။ Taehyun မနေ့ညက အိပ်ရာဝင်နောက်ကျသွားသောကြောင့် အခုမထချင်သေးဘဲ ပေပြီး ဆက်အိပ်နေသည်။
"I don't wanna feel this vibe🎶"
ရုတ်တရက် မြည်လာသော ringtone သံကြောင့် Taehyun စိတ်ရှုပ်သွားသည်။ မနက်စောစောစီးစီး ဘယ်သူဖုန်းဆက်မှန်းမသိ။ သူများအိပ်ချိန်ကို နားမလည်တဲ့လူတွေက ရှိသေးသည်။
"Hello"
တစ်ဖက်မှ ဖုန်းကိုချက်ချင်းမဖြေသေးဘဲ တိတ်ဆိတ်နေသည်။ တစ်အောင့်ကြာမှ
"Good morning taehyunnie"
"ပြော Kai.. သူများအိပ်နေတာကိုဘာကိစ္စလဲ"
"ဒီလိုဖြစ်မယ်မှန်းငါထင်နေတယ်.. ကျောင်းရှိတယ်လေ ထတော့.. နောက်ကျနေမယ်"
"ဘယ်နှနာရီရှိပြီလဲ"
"၈ နာရီထိုးတော့မယ်"
Kai ရဲ့စကားကို ကြားတော့မှ Taehyun ခေါင်းထဲမိုးကြိုးဝင်ပစ်သွားသကဲ့သို့ မျက်လုံးတွေပါပြူးကျယ်ကုန်သည်။ သွားပြီ။ ကျောင်းသို့သွားသည့် bus လွတ်တော့မည်။ Taehyun ကမန်းကတန်း ဖုန်းချကာ ရေချိုးခန်းထဲဝင်ပြေးတော့သည်။ ရေချိုးဖို့ အချိန်မလောက်မှန်းသိသည်။ မနက်ရေမချိုးဘဲ မနေနိုင်သည့် ဗီဇက ရှိနေသဖြင့် ခေါင်းမာမာနဲ့ ရေချိုးလိုက်သေးသည်။ ကျောင်းဝတ်စုံဝတ်ပြီး အားလုံးပြင်ဆင်ပြီးသည့်အချိန်မှာ ၈:၁၀ ပင်ရှိနေပြီဖြစ်သည်။ အတန်းချိန်က ၈:၃၀ စမည်ဖြစ်သဖြင့် ထမင်းစားဖို့အချိန်တော့မရှိတော့။ Bus လွတ်လို့မဖြစ်။ စားပွဲပေါ်တွင် တင်ထားသော လွယ်အိတ်ကိုယူကာ အိမ်ပေါ်မှ ခြေသုတ်တင်ပြီးပြေးဆင်းလာသည်။ ကံကောင်းချင်တော့ သူ့အမ Kang Seohyun ကအလုပ်မသွားသေးပေ။ အိမ်ရှေ့တွင် အလုပ်သွားရန် ကားစက်နှိုးတုန်း ရှိသေး၏။ မတတ်နိုင်။ အပြောအဆိုခံပြီး သူ့ကိုပဲ လိုက်ပို့ခိုင်းရတော့မည်။
BẠN ĐANG ĐỌC
PSYCHOPATH | TAEGYU
Fanfiction"ငါမင်းကို လွှတ်ပေးလိုက်ရင် မင်း ငါ့ဆီကထွက်ပြေးသွားမှာပေါ့" - Choi Beomgyu "မင်းကလေ အမြဲတမ်းငါစိတ်ပူရအောင်ကိုလုပ်တယ်" - Kang Taehyun "မင်းငါ့ဆီကိုပြန်လာတာကိုဝမ်းသာပေမယ့် မင်းမှပျော်မနေတာကွာ" - Huening Kai