Ep2

126 18 3
                                    

"မနက်က ငါ့ကားရှေ့မှာ လာပိတ်ရပ်နေတာ မင်းမလား"

သူတို့စားပွဲဘေးတွင် ကျောင်းသားတစ်ယောက် လာရပ်ကာ ပြောလိုက်သောစကားကြောင့် Taehyun နဲ့ Kai နှစ်ယောက်လုံး အသံလာရာဆီကိုမော့ကြည့်လိုက်ကြသည်။

"မင်းက ဘယ်သူ..?"

ထိုသူက လက်ကို ဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ကာ ခေါင်းမော့ပြီး ဟက်နဲ ရယ်လိုက်သည်။

"ငါ့ကိုမသိဘူးဆိုတော့ စိတ်ဝင်စားစရာပဲ"

"ဘာလား.. မင်းကိုသိနေရအောင် မင်းကဘာကောင်မို့လို့လဲ.. အိုင်းစတိုင်းလား"

Kang Taehyun က တစ်ခွန်းမကျန် ပြန်ပြောနေတာကို Huening Kai ကြည့်ရတာ အူယားလာသည်။ ထိုသူကအခြားသူမဟုတ်။ ခုနကသူတို့နှစ်ယောက်ပြောနေကြသည့် Choi Beomgyu ကိုယ်တိုင်ပင်ဖြစ်သည်။ Kai အနေဖြင့် Taehyun ကို ဒီလူနဲ့ တတ်နိုင်သလောက် မပက်သက်စေချင်။ သူနဲ့ပက်သက်လို့ ဘာမှအကျိုးမရှိသည့်အပြင် ကိုယ့်ကိုပါ ထိပါးလာနိုင်သည်။

"အိုင်းစတိုင်းတော့ မဟုတ်ပေမယ့် ငါ့ကိုမသိတာကို မကြိုက်ဘူး"

"ငါ့ကိုစကားလာပြောရတဲ့ အဓိက ပြောချင်တာကိုပဲ ပြောပါ.. ငါ့မှာ အချိန်မပေါဘူး"

Beomgyu သူ့ကိုပြန်စွာနေသော ထိုကောင်လေးကို တစ်ချက်ငုံ့ကြည့်လိုက်ပြီး စားပွဲပေါ်သို့ စွေ့ခနဲတက်ထိုင်ကာ Taehyun ထိုင်နေသော ထိုင်ခုံပေါ်သို့ ခြေထောက်တင်လိုက်သည်။ ထို့နောက် ခါးကိုအနဲငယ်ကုန်းကာ Taehyun ၏ မျက်နှာအနီးသို့ သူ့မျက်နှာကို ကပ်လိုက်ပြီး

"အခုအခြေအနေက ငါမင်းကိုစကားလာပြောတယ်ဆိုတည်းက မင်းအတွက် ဂုဏ်ယူစရာဖြစ်နေပြီဆိုတာကိုသိလား"

"မင်းတော်တော်အားနေတာလား"

Beomgyu ခါးကိုပြန်မတ်လိုက်ကာ လက်ပိုက်လိုက်သည်။ လူကတော့ စားပွဲပေါ်တွင်ပင် ထိုင်မြဲထိုင်ဆဲ

"မနက်က ငါ့ကားရှေ့မှာ မင်းပိတ်ရပ်နေတဲ့အတွက် ငါ့ရဲ့သတ်မှတ်ထားတဲ့အချိန်ထက် တစ်မိနစ်နောက်ကျသွားရတယ် အဲ့ဒီ့အတွက် ငါ့ကိုမင်းတောင်းပန်ပါ"

Taehyun နားမလည်နိုင်ဟန်ဖြင့် Beomgyu ကို တစ်ချက်မော့ကြည့်လိုက်သည်။ မျက်နှာတည်တည်ကို ကြည့်ရတာတော့ နောက်နေဟန် မပေါ်။ အသက်အန္တရာယ်ကြုံရခါနီး ဖြစ်ခဲ့တာ မိမိဖြစ်ပေမယ့် မိမိကိုမတောင်းပန်တဲ့အပြင် သူ့ကိုတောင်ပြန်တောင်းပန်ခိုင်းနေပါ့လား။ အဓိပ္ပာယ်မရှိလှတဲ့ အခြေအနေကြီးကို ပြန်တွေးကြည့်ရင်း Kang Taehyun ဒေါသထွက်လာသည်။ သို့ပေမယ့် ဒေါသထွက်ပြီး တစ်ခုခုလုပ်လိုက်ရင် ဘာမှကောင်းကျိုးမရှိတာမို့ ကိုယ့်စိတ်ကိုယ်သာ အတတ်နိုင်ဆုံး ထိန်းကာ ငြိမ်နေရသည်။

You've reached the end of published parts.

⏰ Last updated: Dec 10, 2021 ⏰

Add this story to your Library to get notified about new parts!

PSYCHOPATH | TAEGYUWhere stories live. Discover now