2

944 49 0
                                    

" ပျော်ခဲ့ရဲ့လား ''

ဆောင်းရာသီပေမယ့် ဆောင်းမပီပြင်သေးသောကြောင့် ချစ်ပိုင်ရှင် ညနေစောင်းပေမယ့် ရေချိုးပြီးပြီ ။

" အွန်... ရော့ ခေါင်းသုတ်ပေးဦး ''

ပိုင်ရှင်က သူ့အား မျက်နှာသုတ်ပဝါ လှမ်းပေးသည် ။ ပိုင်ရှင်ကတော့ ကြမ်းပြင်တွင်ထိုင်ကာ ဇိမ်ခံနေပြီဖြစ်သည် ။ လိုတ တဘက်ကို ဖြန့်ပြီး ပိုင်ရှင့်ခေါင်းပေါ်တင်ကာ စတင်သုတ်ပေးနေသည် ။

" dryer ဝယ်ထားတယ်မလား ။ ဘယ်မှာလဲ ''

" ယူတော့ယူခဲ့တယ် ။ ငါထုတ်ပျင်းလို့ ။ ''

"ဘယ်မှာလဲ... ''

ပိုင်ရှင်က ခုတင်နောက်နားလေး လက်ညှိုးထိုးပြသည် ။ ဘာပစ္စည်းမဆို ဝယ်တုန်းကအတိုင်းထားတတ်သော ပိုင်ရှင့်အကျင့်ကြောင့် ဂျပ်ဗူးထဲမှ ပြန်ထုတ်ရသည် ။

" ငြိမ်ငြိမ်နေ... အိပ်ချင်နေပြီမလား ။ ခေါင်းက ဘာလို့လျှော်လာရတာလဲ အိပ်တော့မယ့်ဟာကို ။ မသိတာလဲ မဟုတ်ဘဲနဲ့ ။ တော်တော် ပျော်လို့ဝခဲ့တယ်ပေါ့ ''

ဆံပင်မဟုတ်ဘဲ ဆံမျှင်သေးကာ နွယ်လျက် ကျနေသော ဆံပင်ကို ဖွကာ ဖွကာဖြင့် လေမှုတ်ပေးနေသည် ။

" ဟီးဟီး...ပျော်ခဲ့တယ် ။ ဒါပေမယ့် ပထမအစမို့လို့ထင်တယ် နဲနဲတော့ကြောင်တယ် ။ နင်မဟုတ်တဲ့ တစ်ခြားတစ်ယောက်နဲ့ အတူတူ သွားဖူးတာမှ မဟုတ်တာ ။ ငါ နင့်ကို ခေါ်လာရမှာလို့တောင် တွေးမိတယ် ။ ''

" တော်...တော်... နင်တို့အတွဲ အီစီ​ေွေပလီတွေကြည့်ဖို့တော့ မအားဘူး ။ ဘယ်နှယ့် မစားရ ညော်ခံခိုင်းနေတာ အော့နှလုံးတောင်နာတယ်  ''

" နင််ရော ကောင်မလေး ဘာလေး မရသေးဘူးလား ။ ကျောင်းတက်တုနး် ရှာထားရတယ် ။ တက္ကသိုလ်မှာမှ မရှာရင် မင်းတော့ ညစာ တစ်ယောက်တည်းစားရတော့မှာပဲ ။ ငါပြောတာ ညကိုစားရတဲ့ ထမင်းကိုပြောတာနော် ။ အလုပ်ခွင်ထဲရောက်ရင် ဒီခုလို အေးဆေး အလှပြင်နိုင်တော့မှာ မဟုတ်ဘူး ။ ဟိုအထက်လူကြီးက ဆူလိုက် ၊ စီနီယာတွေက ခိုင်းစားလိုက် ၊ မနာလိုသူတွေက အနိုင်ကျင့်လိုက်နဲ့ ရည်းစားထားလို့ မကောင်းဘူး ။ ခုချိန်က ဘာမှ စိတ်မပူရသေးတဲ့အချိန်ဆိုတော့ ရင်ခုန်ဖွယ် ဇာတ်လမ်းလေးတွေ အဲ့လယ် အဲ့လယ်... အဟမ်း စိတ်မပူရသေးဘူးဆိုပေမယ့် ဘွဲ့ရပြီး အလုပ်မရမှာတော့ စိတ်ပူသား ဟီး ။ ''

Love Is RainbowWhere stories live. Discover now