Final-2

1.4K 47 19
                                    

တစ်ခုသော May 17 ရက်တွင် မန္တလေးကျုံးရှေ့ လူများ စုစုရုံးရုံး ။
သူတို့ အဖြူရောင် အကျီပေါ်တွင် ရောင်စုံအမှုန်များ ပတ်ဖြန်းထားလျက် ။ မျက်နှာပေါ်တွင်လည်း ဆေးရောင်စုံတို့ ခြယ်သထားလျက် ။ နှဖူးထက်တွင် စည်းနေ​ှာင်ထားသော သက်တန့်ရောင် banner များ ။

"If you are Gay..

It's Ok. ..

If you're Lesbian..

It's Ok ''

If you're gay ဟု တိုင်ပေးတဲ့သူတစ်ယောက်
It's Ok ဟု သံချပ်လိုက်နေကြသော လူအုပ်ကြီး ။

လူအုပ်ကြီးကို ကြည့်လျှင် ပျော်ရွှင်နေကြမည်ဟု ထင်သည် ။

အရောင်အသွေးစုံ ဖက်ရှင်တို့ကို ဝတ်ထားသော tranwoman များသည်လည်း သက်တန့်​ေရာင် အလံတို့ကို ကိုင်ကာ ဝေ့ယမ်းနေကြသည် ။ တစ်ချို့တစ်ချို့သော အတွဲများက ဖွင့်ဟ ဝန်ခံနေကြသည် ။ ကြည်နူးမှု မျက်ရည်များကျနေကြသည် ။ တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဖြတ်ကျော်ခဲ့သော အခက်အခဲအကြောင်းတွေးရင် တွေးနေလိမ့်မည် ။ သူတို့ နှုတ်ခမ်းကတော့ ပြုံးနေကြသည် ။ မျက်ဝန်းတို့က ပျော်ရွှင်နေကြသည် ။ မျက်ရည်တို့က ထိုပျော်ရွှင်မှုကြောင့် ကျနေကြသည် ။

" ကိုယ့်ကို လက်ထပ်ခွင့်ပြုပါ ''

ကောင်လေးတစ်ယောက်က တစ်ခြားကောင်ငယ်လေးအား ဒူးထောက်ကာ လက်ထပ်ခွင့်တောင်းနေသော မြင်ကွင်း ။

သူငယ်ချင်းနှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် တင်းကြပ်စွာ ဖက်ထားသည့်မြင်ကွင်း ။ ' ဂုဏ်ယူပါတယ် ' ဟု ဝမ်းသာအားရစွာ အားပေးစကားပြောနေကြသောသူတို့ ။

ကောင်မလေးတစ်ယောက်ကို ပွေ့ချီကာ ' ဒါ ကျွန်တော့ ကောင်မလေး' ဟု အော်ဟစ်နေသာ ဆံပင်ရှည်ရှည်နှင့် ကောင်မလေးတစ်ယောက် ။ သူတို့သည် အရှက်မရှိ၍တော့ မဟုတ် ။ သူတို့ အနှစ်နှစ်အလလက ဖုံးဖိထားခဲ့ရသော ခံစားချက်တို့ ပွင့်အံလာခြင်းသာ ။

LGBTQ ခေါင်းစဥ်ဖြင့် ထိုလူအုပ်ကြီးသည် ကျုံးရှေ့တွင် ပျော်ရွှင်စွာ ဟစ်ကျူးနေကြသည် ။

အကြောင်းမှာ လိင်စိတ်တိမ်းညွှတ်မှုကို လွပ်လပ်စွာ ရွေးချယ်ခွင့်ပြုသောကြောင့် ၊ လိင်တူအချင်းချင်း တရားဝင် လက်ထပ်ခွင့် ရသောကြောင့်ပင် ။

Love Is RainbowOù les histoires vivent. Découvrez maintenant