Part 20

2.8K 138 0
                                    

ခရီးက ပြန်လာပြီးနောက်  နောက်တစ်ပတ် ပိတ်ရက်သို့ ရောက်ရှိလာပြန်သည်

အစ်မ က ပျင်းသည်ဟု ဆိုပြီး လရောင် ကို အိမ်ခေါ်ထားသဖြင့် အစ််မ အိမ်ကို ရောက် နေခြင်း ဖြစ်သည်

နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် ချက်ပြုတ်စားသောက်ကြပြီးနောက် ဧည့်ခန်းထဲတွင် ဘေးချင်းကပ်ထိုင်ကာ TV မှ လာသော ဇာတ်လမ်းတွဲများကို ကြည့်ကာ တစ်ယောက်နဲ့ တစ်ယောက် မြင်သော မတူညီ​သော အမြင်ရှူထောင့်များကို ဆွေးနွေးပြောဆိုနေကြသည်

" လရောင် ရဲ့ အမြင်ရှု​ထောင့်တွေကို အစ်မ လက်ခံပါတယ် အစ်မ နဲ့ မတူညီတဲ့ အတွေးအမြင်တွေ လရောင် ဆီမှာ ရှိနေတာ ကို အစ်မ သဘောကျတယ်''

" အစ်မ ပြောတဲ့ သဘောတရား ကိုလည်း လရောင် နားလည်ပါတယ် '' ဟု ပြန်ပြောလေသည်

" လရောင် သိလား လရောင် က အစ်မ တွေ့ဖူးတဲ့ သူတွေနဲ့ နည်းနည်း ကွဲ ထွက်နေတာကို ''

လရောင် တစ်ချက် ပြုံးလိုက်မိသည်

" နေထိုင်မှု စရိုက်ပုံစံ ကြောင့် ဖြစ်ပါလိမ့်မယ် ''

" ဟုတ်မယ်နော် ''
" လရောင် လက်ဖက်သုပ် စားချင်လား အစ်မ သွား ပြင်ပေးမယ်လေ ''

" ကောင်းသားပဲနော် အစ်မ ''

ဧည့်ခန်းထဲတွင် လရောင်က ကျန်နေခဲ့ပြီး မီးဖိုချောင်တွင် အစ်မ က လက်ဖက်သုပ် ကို စိတ်ကြိုက် ပြင်ဆင်ပေးနေသည်

TV  ကြည့် နေရင်း လူခေါ်ဘဲလ် အသံ ကြားလိုက်ရသဖြင့် အစ်မ ကို လှမ်းအော်လိုက်သည်

" အစ်မ ရေ ဧည့်သည် ထင်တယ် လရောင် သွားဖွင့် ပေးလိုက်ရမလား ''

" သွားဖွင့်ပေးလိုက်ပါအုံးနော် လရောင် ရေ ''

" ဟုတ် ဟုတ် ''

တံခါး ဖွင့်ပေးလိုက်ပြီးနောက် လရောင် မျက်စိ ရှေ့တွင် မြင်တွေ့ ရသော ထိုလူများ ကို အကဲခတ်ကြည့်လိုက်သည်

အသက် 50 ကျော် ဝန်းကျင် ရှိလောက်ပြီ ဖြစ်တဲ့ အမျိုးသမီးကြီး တစ်ဦးနှင့်အမျိုးသား တစ်ဦး ထို့နောက် အသက် 30 ကျော်ခန့် အမျိုးသားတစ်ဦး

It's You Where stories live. Discover now