Part 26 Final ( The End Part)

6K 217 6
                                    

ညနေ 5 နာရီ ခွဲလောက် အစ်မ က သူ့ Company မှာ လာခေါ်ပေးပါ ဟု ပြောထားသောကြောင့် အလုပ်တွေ မြန်မြန်ပြီးအောင် လက်စသတ်ရမည်ဖြစ်သည်

ဘာပဲ ဖြစ်ဖြစ် အစ်မ က ကျမ ကို မေ့သည်ဖြစ်စေ မမေ့သည် ဖြစ်စေ နှလုံးသားကတော့ မှတ်မိနေတယ် ထင်ပါရဲ့

ကျမ မွေးနေ့ကို အတူတူ ကုန်ဆုံးချင်တယ်လို့ ပြောလာပုံထောက်ရင်တော့ ကျမ အတွက်က မျှော်လင့်ချက်တွေ ရောင်ခြည်သန်းလာတာပဲ

အစ်မ ရဲ့ အခုလို ပုံစံလေးလည်း သဘောကျရပါတယ် ဘုနဲ့ဘောက် ပြောတာလေးတွေကလည်း အူယားစရာ

လရောင်ကြူးရင့် ဆိုပြီး နာမည်အပြည့်အစုံ ခေါ်ကာ  စိတ်ဆိုးတဲ့အခါ လည်း ကျမ မှာ အချစ်ပိုရပါတယ်

ဘယ်နေ့ ဘယ်အချိန် သတိပြန်ရမလဲ မသိပေမယ့် ကျမ အတွက် ကတော့ ကျမ ဘေးမှာ အစ်မ ရှိနေသ၍ အရာအားလုံး ဟာ အဆင်ပြေပါတယ်

မျက်နှာပေါ်မှာ အပြုံးတစ်ခုနဲ့အတူ အတွေးတွေ နယ်ချဲ့နေမိသည်

မဖြစ်ဘူး မဖြစ်ဘူး ဒီလို တွေးနေရမယ့် အချိန်မဟုတ်ဘူး ဆိုပြီး ကိုယ့်ကိုကိုယ် သတိပေးကာ အသိစိတ်ပြန်ကပ်ရသည်

ကျမ ဆိုသည်မှာလည်း အစ်မနဲ့ပက်သက်လာရင် အမြဲ ဒီလိုကြီးပဲ ဟု တွေးမိကာ နှုတ်ခမ်းတွေကို တွန့်ကွေးကာ ပြုံးမိပြန်လေသည်

ညနေ 4 နာရီကျော်ကျော် လောက် မှာ အလုပ်တွေ အပြီးသတ်ပြီးသွားသဖြင့် အစ်မ ဆီကို သွားရန် ပြင်ဆင်လိုက်လေသည်

မွေးနေ့ ဆိုပေမယ့် ထူးထူးခြားခြား ဝတ်ဆင်ထားခြင်းမဟုတ် ခါတိုင်း ဝတ်နေကျ ပုံစံ အတိုင်းသာ
အောက် အကား Style Pant အနက်ရောင် နဲ့ Linen Long Sleeve Shirt အနက်ရောင် လေး ကို သာ ဝတ်ဆင်ထားသည်

5 နာရီ ခွဲ ဝန်းကျင်လောက် အစ်မ တို့ Company ရှေ့ကို ရောက်သွားသည်

" ပစ်မှတ် ဝင်ပေါက် ကို ရောက်ရှိလာပြီ အားလုံး အဆင်သင့် လုပ်ထားပါ ''

တင်းတောင် ( Message ဝင်သံ)

" ရောက်လာပြီတဲ့ မီးမှိတ်ရမယ့် နေရာတွေ မီးမှိတ်လိုက်တော့ ''

" ဒီနေ့ ကျမှ ထူးဆန်းနေသလိုပဲ ခါတိုင်းဆို ဒီအချိန် ဝန်ထမ်းတွေ ရှိနေတုန်းပါပဲ ''

You've reached the end of published parts.

⏰ Last updated: Jan 04, 2022 ⏰

Add this story to your Library to get notified about new parts!

It's You Where stories live. Discover now