Part-5

4.4K 356 15
                                    

<Unicode>
"ထယ်ယောင်းရေ"

အခန်းထဲသို့ဝင်လာပြီး
အော်ကြီးဟစ်ကျယ်လုပ်နေသောဆော့ဂျင်။
ထယ်ယောင်းမှာ ဆွဲလက်စပန်းချီအား
ရပ်လိုက်ကာ စုတ်တံအားချလိုက်သည်။

"ဘာကိစ္စအော်နေတာလည်"

"ကလပ်သွားမယ်"

"ငြင်းတယ်"

"No Noလံုးဝမရဘူးနော်
လိုက်ကိုလိုက်ရမယ်"

"မလိုက်ဘူး"

"အိုက်ယာ..ယူးးအာဖရိတ်ဖရန့်(fake friend)

ထယ်ယောင်း၏အိပ်ယာပေါ်
ပက်လက်လှန်ချလိုက်ပြီး
ပါးစပ်ထဲအော်ကြီးဟစ်ကျယ်ဖြင့်
အော်နေသည့်ဆော့ဂျင်ကြောင့်
ထယ်ယောင်းခေါင်းခဲလာသည်။

"လိုက်မယ် လိုက်မယ် ဟုတ်ပြီလာ"

"ဟဟ မင်းလိုက်မယ်မှန်းသိသားပဲ"

ထယ်ယောင်းမှာအဝတ်အစားလဲလိုက်ပြီး
ကားသော့အားယူကာ
ဆော့ဂျင်နှင့်အတူ
အောက်ထပ်သို့ဆင်းလာခဲ့သည်။

မီးရောင်စုံများလင်းနေသော ကလပ်တစ်ခု။
လူပေါင်းစုံလှသောနယ်ပယ်ဖြစ်သည်။
ကခုန်သူများက ကနေကြပြီး
မှောင်ရိပ်ခိုကာ
ဖြစ်ချင်တိုင်းဖြစ်နေသောလူများကတစ်ပုံတစ်ပင်။

"ခေါင်းကိုက်စရာကြီး ဆော့ဂျင်ရာ"

"မင်း သွားထိုင်သောက်နေလေ
ငါဟိုးဘက်မှာခဏသွားကမယ်"

ဆော့ဂျင်လက်ညိုးထိုးပြသည့်နေရာကို
ကြည့်လိုက်မိတော့
ယောကျာ်းမိန်းမစုံစုံလင်လင်ဖြင့်
ငခူဆားပက်သလို တွန့်လိမ်ကနေကြသည်။

ထယ်ယောင်းလည်းလူရှုပ်တာမုန်းတာကြောင့်
လူရှင်းသည့်ဝိုင်းတွင်ထိုင်ကာ
လိမ္မော်ရည်တစ်ခွက်အားမှာကာ
သောက်နေလိုက်သည်။
အမှန်စင်စစ် ထယ်ယောင်းမှာအရက်မသောက်နိုင်ပါ။

"Hey...အလှလေး"

နိုင်ငံခြားသာပုံစံဖြင့်ကောင်လေးတစ်ယောက်။
မျက်လုံးများမှာအပြာရောင်ဖျော့ဖျော့နှင့်
အဝါရောင်ဆံပင်များကိုပိုင်ဆိုင်ထားသည်။
လက်တွင်လည်း အရက်ခွက်တစ်ခွက်ကိုကိုင်ထားသည်။

Loading..Where stories live. Discover now