Part-13

4K 305 28
                                    

<Unicode>
ဒီနေ့နဲ့ဆိုအခန်းထဲမှာ ပိတ်လှောင်ခံထားရသည်မှာတစ်လပင်ပြည့်ပြီး။
လက်မောင်းတွင်လည်း ကိုယ့်ကိုကိုယ်လက်သည်းဖြင့်ကုတ်ခြစ်ထားသောအရာများမှာလည်းမြင်မကောင်း။

အမြဲတမ်း အခန်းမီးကိုပိတ်ထားပြီး အခန်းထောင့်လေးမှာပဲကြုံ့ကြုံ့လေးထိုင်နေမိတယ်။
Honeyကဘာလို့ထွက်သွားခဲ့ရတာလည်။
ဘာလို့လည်း။

"ကင်မ်ထယ်ယောင်း..."

ဒူးနှစ်ဖက်ကိုပိုက်ပြီး မျက်လုံးများကိုမှိတ်ထားမိသည်။ မျက်ရည်များဖြင့်ကုန်ဆုံးခဲ့ရသောရက်များမှာမရေမတွက်နိုင်တော့။

"ကင်မ်ထယ်ယောင်းက မောင့်ဆီကပြေးလို့လွှတ်မယ်ထင်နေလား"

"ဟားးးဟားးး! မရဘူး!. လုံးဝမရဘူးမောင့်ရဲ့Honeyလေးရဲ့...."

အသံမှာတိုးသွားလိုက်ကျယ်သွားလိုက်ဖြင့် အခန်းထဲတွင်ပဲ့တင်ထပ်နေသည်။
အသံရှူသံပြင်းရှရှမှာ လွန်စွာမှအသက်ဝင်နေသည်။

"အား!!!! တံခါးဖွင့်ကြစမ်း! ငါ ကင်မ်ထယ်ယောင်းကိုသွားရှာမှဖြစ်မယ်!!"

ဒုန်း ဒုန်း!!

တံခါးကိုကိုယ်လုံးဖြင့်ဝင်ဆောင့်နေသောကြောင့် တစ်ကိုယ်လုံးမှာလည်း ကိုင်ရိုက်ထားသလိုနာနေပြီး။ သို့သော်ခိုင်ခံ့လှသော တံခါးမှတုန့်တုန့်မျှမလှုပ်ပေ။

"အား!!! ငါ့ဆီကထွက်ပြေးသွားပြန်ပြီး! ပြန်ခေါ်ပေးကြပါHoneyကို တောင်းပန်ပါတယ် ရှိခိုးပြီးတောင်းပန်ပါမို့ တစ်ခါလောက်ဖြစ်ဖြစ်

တစ်ခါလောက်ပဲဖြစ်ဖြစ် Honeyကိုတွေ့ခွင့်ပေးကြပါ!!"

ဆေးဒဏ်ကိုအန်တုနေရသောကြောင့် အသိစိတ်မှာဝင်တစ်ချက်မဝင်တစ်ချက်။

မျက်လုံးများမှာကြောင်နေပြီး အိပ်မရတာကြောင့် မျက်ကွင်းများမှာညိုမဲနေသည်။
တစ်ကိုယ်လုံးမှာလည်းစုတ်ပြတ်သတ်နေပြီး မြင်၍ပင်မကောင်းတော့။

"Honeyကိုခေါ်ပေးကြပါ သူ့နမယ်ကကင်မ်ထယ်ယောင်း အသက်က21ပြည့်ပြီးပြီး ဥပဒေကျောင်းသားလေး ရှာခဲ့ပေးပါ ကျေးဇူးပြုပြီး......"

Loading..Where stories live. Discover now