Part-1

4.9K 157 27
                                    

Unicode

အခန်းတံခါးကိုဆွဲဖွင့်လိုက်ချိန်မှာပဲ လက်ထဲက ခရီးဆောင်အိတ်လည်း အောက်ကိုပြုတ်ကျလို့သွားသည်။ မျက်လုံးအစုံလည်းပြူးကျယ်လို့သွားသည်။ အမြင်များမှားသလားလို့ လက်နဲ့မျက်လုံးကို သေချာပွတ်သက်ကြည့်မိသည်။ လုံးဝမမှား သူရဲ့ တစ်ယောက်သောသူမှ တစ်ယောက်သောသူအစစ်။

သူလည်း စိတ်ကိုထိန်းကာ အိပ်ပျော်နေသော
သူ့ရဲ့တစ်ယောက်သောသူနဲ့ ကောင်မလေးကို ကုတင်ဘေးက ခုံတစ်ခုံဆွဲကာ ထိုင်ကြည့်နေလိုက်သည်။

ဘယ်နှစ်နာရီလောက်ထိုင်ကြည့်မိနေမှန်းမသိ ခဏအကြာ ကောင်မလေးလည်း လှုပ်လှုပ်ရှားရှားဖြစ်ပြီး နိုးလာတော့သည်။ ကောင်မလေးနိုးလာတော့သူ့ကိုမြင်ပြီးလန့်သွားသည်။

"ဟင်...ရှင်ဘယ်သူလည်း"

"အဲ့စကားကိုငါ ကမေးရမှာ သိလား ၊ငါက အခု မင်းနဲ့အိပ်နေတဲ့လူရဲ့ ယောကျာ်းပဲ"

ကောင်မလေးလည်း ပြူးပြူးပြာပြာဖြစ်သွားသည်။ပြီးမှ အခန်းဒေါင့်မှာ ချိတ်ဆွဲထားတဲ့မဂ်လာဓါတ်ပုံကို လှမ်းကြည့်မိလိုက်သည်။

"ဟို ကျွန်မ....ကျွန်မ..."

"ဘာမှ ပြောမနေနဲ့တော့ မင်းနိုးပြီဆိုပြန်လိုက်တော့ မင်းကိုငါမြင်ခဲ့တာ ငါ့ယောကျာ်းကိုလုံးဝမပြောနဲ့နော် ပြောလို့ကတော့ မင်းမလွယ်ဘူးမှတ်"

"ဟုတ်...ဟုတ်ကဲ့ ကျွန်မ မပြောပါဘူး"

"ဒါဆို မင်းသွားလို့ရပြီ"

ကောင်မလေးလည်း ကြောက်ကြောက်လန့်လန့်နဲ့ အဝတ်အစားတွေ ကောက်ဝတ်ခါ အခန်းထဲမှ ပြေးထွက်သွားတော့သည်။

သူလည်းကောင်မလေးထွက်သွားမှ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ သူ့ခရီးဆောင်အိတ်ကို
ပြန်ဆွဲပြီး အပြင်ကိုပြန်ထွက်လိုက်သည်။ ပြီးမှ တံခါးကို ပြန်ခေါက်လိုက်သည်။

"ဒေါက်...ဒေါက်...ဒေါက်"

"မောင်ရေ....Taeပြန်လာပြီလေ...မောင်"

အိပ်နေရင်းနဲ့ တံခါးခေါက်သံကြားမှ Jungkookလည်း နိုးလာတော့သည်။ Taeဆိုတဲ့အသံကြားတော့ အထိတ်ထိတ်အပြာပြာဖြစ်မိသွားသည်။ ဘေးကိုကြည့်မိတော့ ကောင်မလေးက မရှိတော့၊ ကောင်မလေးမရှိတော့တာမြင်မှ Jungkookလည်း သက်ပျင်းချတော့သည်။
ပြီးမှ အဝတ်အစားတွေ​ေကာက်ဝတ်ခါအခန်း တံခါးကိုသွားဖွင့်ပေးလိုက်သည်။

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now