Part-20

1.9K 91 5
                                    

Unicode

ကမ်းခြေမှာ ပြေးလွှာကာ ပျော်ပါးနေတဲ့ Soyarလေးကိုကြည့်ပြီး Jungkookရင်ထဲ စို့နစ်လို့လာသည်။ Soyarလေးမှာ ဘာအပြစ်မှာမရှိပဲ အခုလိုလုပ်မိတာက သူ့ကိုသူမှားများမှားနေလားလို့တွေးမိသည်။ သို့ပင်မဲ့ အခု.ချိန် Soyarပျောက်လို့ စိတ်ပူနေမဲ့ Han Soheeတို့ ကိုတွေးမိပြန်တော့ အားရကျေနပ်ဖြစ်နေမိသည်။

"Soyar အေးနေပြီ ဒယ်ဒီတို့အထဲပြန်ဝင်ရအောင်..."

"ခဏလေးပါ ဒယ်ဒီရယ် မီးမီး ဆော့ရတာပျော်လို့ပါ..."

"ဒါပင်မဲ့ Soyarက အခုမှ နေကောင်းပြီးခါစလေ ၊ဒယ်ဒီစကားနားထောင်နော် အထဲပြန်ဝင်ရအောင်..."

Jungkookပြောလိုက်တော့ Soyarလေးကနားထောင်ရှာသည်။ ချက်ချင်းအထဲကို Jungkookနဲ့ ပြန်လိုက်သွားသည်။

Soyarလေးကို လက်တွေခြေတွေဆေးပေးကာ ချော့သိပ်လိုက်ပြီး ၊ သူပါ Soyarဘေးမှာ ဝင်လှဲလိုက်သည်။

Han Soheeနဲ့ Minhoတို့မှာလည်း Taehyungဆိုင်ထဲက ထွက်သွားထဲက Taehyungနောက်ကို လိုက်တော့သည်။ Jiminတို့အိမ်ထဲTaehyungဝင်သွားတော့ အဝေးတစ်နေရာကနေ စောင့်ကြည့်နေသည်။

Taehyungနဲ့Jiminထွက်လာတော့ သူတို့လည်း အနောက်ကနေ တိတ်တိတ်လေးလိုက်တော့သည်။

"Jimin မောင်က Soyarကိုကမ်းခြေ ခေါ်သွားတာပေါ့နော်.."

"ဟုတ်တယ် Taeရဲ့ ငါကိုယ်တိုင်စီစဥ်ပေးလိုက်တာ ငါလေ အဲ့သုံးယောက်ကို အသေကိုသတ်ပြစ်ချင်တယ် သူတို့ကြောင့် မင်းတို့မိသားစုလေးဝေးခဲ့ရတာ..."

"Jiminရယ် ငါလည်းအတူတူပါပဲ သူတို့လုပ်လို့ ငါ့မှာ ဘယ်လောက်တောင်ဒုက္ခရောက်ခဲ့ရလည်း အကိုBoGumနဲ့တွေ့ခဲ့လို့သာငါ့ဘဝအစဥ်ပြေခဲ့ရတာ..."

BoGumလို့ပြောလိုက်၍ Jiminအံ့သြသွားသည်။

"ဟင်...Tae မင်း အကိုBoGumနဲ့ တွေ့ခဲ့တာလား..."

"ဟုတ်တယ် Jimin ငါ့ကို အကိုBoGumကယ်လို့ ငါအသက်ရှင်ခဲ့ရတာ ငါလေ Taekookလေးကိုမွေးတုန်းက ငါနေတဲ့ နေရာက အရမ်းဝေးသီခေါင်ဖျားတော့ ဆေးဝါးတွေမပြည့်ဆုံခဲ့ဘူးဆရာဝန်ကလည်းဒီမှာမွေးရင်အသက်အန္တာရယ်စိုးရိမ်ရတယ်လို့ပြောတော့ငါ့မှာ မွေးဖို့အခက်အခဲအရမ်းရှိခဲ့တာ အဲ့ဒါကြောင့် အကိုBoGumကငါ့ကိုချက်ချင်း နိုင်ငံခြားကိုခေါ်သွားပြီး Taekookလေးကိုရအောင် မွေးပေးခဲ့တာ ..."

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now