Part-19

1.8K 88 5
                                    

Unicode

"ပါပါး Soyarက ကားတိုက်ခံရတယ်တဲ့ အခုဆေးရုံမှာတဲ့ ...."

Taekookလေးကကျောင်းဝင်းထဲကထွက်လာတာနှင့် Taehyungကို အလောတကြီးပြောပြတော့သည်။

Taehyungမှာလည်း Soyarကားတိုက်ခံရတယ်ပြော၍ အံ့သြသွားသည်။

"ဟင်...Soyarလေး ကားတိုက်ခံရတယ် ဟုတ်လား.."

"ဟုတ်တယ် ပါပါး ကျောင်းကဆရာမပြောပြတာ Soyarကားတိုက်ခံရလို့ ကျောင်းမတက်ဘူး..."

"Soyarလေးသနားပါတယ် သားရယ်... "

"ဟုတ်တယ် ပါပါး သားသား Soyarကို သတင်းသွားမေးချင်တယ် ပါပါးလိုက်ပို့ပေးပါလား..."

"အေးပါ သားလေးရယ်ကျောင်းပိတ်ရက် ကြတော့ ပါပါး Soyarစီလိုက်ပို့ပေးပါ့မယ်..."

"ဟုတ် ပါပါး..."

Soyarလေးက ဆေးရုံပေါ်လှဲလျောင်းနေတာ အခုဆို10ရက်ပြည့်ပြီ​ဖြစ်သည်။ သို့ပင်မဲ့ လုံးဝသတိမရသေး။

Minhoနဲ့Han Soheeကိုတော့Jungkookက Soyarအနားလုံးဝမကပ်ခိုင်း၊ Soyarအနားကပ်တာနဲ့ Soyarကို တစ်ခုခုလုပ်ပြစ်မယ်လို့ခြိမ်းခြောက်ထားသည်။

Jungkook Soyarအနားမှာ ထိုင်ကာ Soyarကိုသေချာစိုက်ကြည့်နေမိသည်။

!Soyarရေ ဒယ်ဒီကိုခွင့်လွှတ်ပါ Soyarမိဘတွေလုပ်ခဲ့တဲ့လုပ်ရက်တွေက ဒယ်ဒီအပေါ်အရမ်းကိုများလွန်းတယ် ဒယ်ဒီလုံးဝခွင့်မလွှတ်နိုင်ဘူး အဲ့ဒါကြောင့် ဒယ်ဒီ Soyarကို ဒုက္ခပေးသလိုဖြစ်ခဲ့ရင် ဒယ်ဒီ အခုထဲက Soyarလေးကို ကြိုပြီးတောင်းပန်ပါတယ်...!

Han Soheeနဲ့Minhoမှာတော့ ဆေးရုံရှေ့မှာရပ်ကာ ဆောက်တည်ရာမရဖြစ်နေသည်။ Jungkookက Soyarအနားမကပ်ခိုင်း၍ သူတို့မှာSoyarအနားကပ်လို့မရ၊ Soyarဘယ်လိုအခြေအနေရှိလည်းဆိုတာတောင် အဝေးကနေပဲကြည့်နေရသည်။

"အကို Soheeတို့ဘယ်လိုလုပ်ကြမလည်း Soheeသမီးလေးကိုစိတ်ပူတယ်..."

"ဘာမှစိတ်မပူပါနဲ့ Soheeရယ် Jungkook Soyarလေးကိုဘာမှမလုပ်လောက်ပါဘူး..."

"ဒါ...ဒါပင်မဲ့သူက Soheeတို့ကိုမုန်းနေတာလေ Soheeတို့ကိုမုန်းပြီး သမီးလေးကိုတစ်ခုခုလုပ်လိုက်မှာဆိုးတယ်..."

သူ့အတွက်ဖြစ်တည်မှုWo Geschichten leben. Entdecke jetzt