အခန်း(၁၁)

6K 292 2
                                    

"ခင်ဗျားကလည်းဘာမှပြန်မပြောဘူးကျွန်တော်တစ်ယောက်တည်းပြောနေရတယ်မောတောင်မောတယ်"

"ခွေးဟောင်တိုင်းထကြည့်ရင်အိပ်ရေးပျက်တာပေါ့ကွ "

"အမလေးကြီးကြီးကြယ်ကြယ်ကျွန်တော်ကတော့သည်းမခံနိုင်ဘူးဖြစ်နိုင်ရင်အဲ့လူကိုထိုးတောင်ထိုးပြစ်ချင်တယ်အမေပြောမှာစိုးလို့.."

"မင်းကငါ့ဘက်ကနာလို့ပြောပေးတာလား"

"အမယ်လေးဖြစ်စရာလားမမကိုပါပြောလာလို့ဝင်ပြောရတာ"

"အေးပါဒါဖြင့်ပြန်ကြရအောင်"

တစ်လုံးဘာမှပြောဘဲလျှောက်လာလိုက်တာအိမ်တောင်ရောက်ပြီ..

"နောက်မှငါပုဆိုးလာယူမယ်ကြားလားမင်းမယူနဲ့နော်အဲ့တာကိုငွေတော်တော်ပေးပြီးဝယ်ထားရတာ"

"လူကိုဘာများမှတ်နေလည်းခင်ဗျားပုဆိုးကိုစိတ်တောင်မဝင်စားဘူး ကျွန်တော်လည်းဝယ်နိုင်ပါတယ်နော်..ခင်ဗျားပုဆိုးကိုကတ်ကြေးနဲ့ကိုက်ပြီးတော့၁၀ထည်လောက်ဝယ်ပးလိုက်မယ်သူတစ်ယောက်ထည်းဝယ်နိုင်တယ်ထင်နေလားမသိဘူး ပြန်တော့ပြန်တော့"

တစ်ခွန်းမကျန်ပြန်ပြောတတ်အကျင့်ကိုတော့လင်းညို့ကိုယ်တိုင်သင်ပေးမှရတော့မယ်သိပ်ကိုစွာတဲ့မြို့ကြီးသား...

...............................

"သူ့ထက်သာ နင်ကိုငါညထဲ့ကယူသွားလို့ပြောတယ်လေ ငါမေ့မှာဆိုးလို့နင်ကိုသိပေးလို့မပြောလိုက်ဘူးလားလူငယ်ဖြစ်ပြီးအမြဲမေ့နေတယ်"

ရွာဉီးကျောင်းသွားရင်ဆွမ်းချိုင့်ယူသွားရင်ဒေါ်စိန်ကြည်တစ်ယောက်သားဖြစ်သူကိုညထဲ့ကပြောထားခြင်းပင်ဖြစ်သည်။မနက်ရောက်တော့မေ့သွားခြင်းကြောင့်ဆူနေခြင်းပင်ဖြစ်သည်။

"အမေကလည်းသားကိုပဲအပြစ်တင်မနေနဲ့အမေလည်းမေ့နေတာဘဲလေပြီးတော့မနက်ကဟိုလူကိုပုဆိုးလည်းပေးနေရတာနဲ့မေ့သွားလို့ပြောဆူပဲဆူနေတယ်စိတ်ညစ်တယ်"

"ပြောလိုက်ရင်ပါးစပ်ထဲကဆင်ခြေတွေဘဲထွက်တတ်တယ်ငါခေါက်လိုက်ရ.."

"ဟာ..အမေကလည်းသားအခုသွားပို့ပေးမယ်ရပြီလားမဆူနဲ့နားတွေလည်းပေါက်ထွက်တော့မယ်"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now