အခန်း(၃၀)

5.5K 174 5
                                    


လင်းညို့မနက်နာရီလောက်ထဲကထကာ ဉုပုဒ်စောင့်ရန်ပြင်ဆင်စရာရှိတာပြင်ဆင်နေခဲ့သည်။
သူ့ထက်သာကိုတော့ပင်ပန်းနေမှာသိသည်မို့မနိုးခဲ့ချေ
အိမ်ကမနက်ခေါက်နာရီခွဲလောက်ထွက်လာကာအရီးလေးဆီသို့ဝင်ကာသူ့ထက်သာအတွက်မှာစရာရှိတာမှာခဲ့ပြီးရွာဦးကျောင်းကိုသာသွားခဲ့သည်။
ကျောင်းရောက်တော့တရားနာထမင်းကျွေးနဲ့အတူဘုန်းဘုန်းစကားဆိုခဲ့ကြသေးသည်။

"ဒကာလေး..ဟိုကလေးကောမပါဘူးဘုန်းဘုန်းပါမယ်ထင်နေတာ"

"တပည့်တော်မခေါ်လာတာပါ...အိပ်နေတာလဲမလို့မနိုးခဲ့တာပါ"

"အေးပါ...လူငယ်ဆိုတော့အိပ်ရေးမက်မှာပေါ့ရွာထဲကလူတွေကိုလည်းဂရုစိုက်ဖို့ပြောလိုက်ပါဉီးရာသီဥတုပူပူနဲ့ရေကစားကြတာဆိုတော့ဖျားနာ
ကြဦးမယ်"

"တင်ပါ့...တပည့်တော်နေပူရင်တော့နားခိုင်းလိုက်ပါမယ်ဒါဖြင့်ပြန်လိုက်ပါဦးမယ်တပည့်တော်လုပ်စရာတွေကျန်နေသေးလို့ပါ"

"ကောင်းပြီ..နောက်တစ်ခေါက်တော့ဟိုကလေးကိုခေါ်လာခဲ့ဘုန်းဘုန်းတရားဟောချင်လို့ဒီအရွယ်တွေကဂျစ်ကန်ကန်နိုင်တော့ဆုံးမပေးရမယ်လေရအောင်ခေါ်ခဲ့ချေကြားလား"

"တင်ပါ့ဘုန်းဘုန်း...နောက်တစ်ခါတပည့်တော်ခေါ်ခဲ့ပါမယ်ကျန်းကျန်းမာမာနေခဲ့ပါဘုန်းဘုန်း"

လင်းညို့ဘုန်းဘုန်းအားဦးသုံးကြိမ်ချကာဘုန်းကြီးကျောင်းကအထွက်ဗညားနှင့်တိုးသည်။

"ဟေ့ကောင်...မင်းကဒီဘာလာလုပ်တာလည်း
မလာစဖူး အလာထူးလို့ပါလားကွ အကုသိုလ်လုပ်တာများလို့ကုသိုလ်လာယူတာလား"

လင်းညို့ရဲ့ခပ်ရွဲ့ရွဲ့စကားအားဗညားတစ်ယောက်
မျက်နှာကိုရှုံ့မဲ့ပစ်လိုက်ပြီး

"အောင်မာ့ မသိရင်များငါကအကုသိုလ်ကောင်ကြီးကြလို့အိမ်မှာအမြဲဘုရားတရားလုပ်တယ်ကွ မင်းလို့ယောကျာ်းကြောက်တဲ့ကောင်မဟုတ်ဘူး ကိုယ့်ကို
ကိုယ်သိစမ်း ဒီမယ်နားထောင် အကုသိုလ်ကောင်
ကကြားလို့ကောင်းတယ် လင်ကြောက်တဲ့ကောင်ကကြားလို့မကောင်းဘူးကွနားလည်လား"

သူကြီးကတော် မြို့ကြီးသားWhere stories live. Discover now