အပိုင်း(၄) uni & zg

14.7K 481 2
                                    

Unicode

စိုင်းခက်လျှံတစ်ယောက် မနေ့ညကအရက်ပင်လယ်ထဲလက်ပစ်ကူးခဲ့ရ၍ နိုးစက်ပေးထားတာတောင်မနိုးတော့ပေ။မေမေလာနိုးမှသာအလျင်အမြန်ထလိုက်ရတော့သည်။အချိန်ကား၉နာရီရှိနေပီပင်.....

ဒီခရီးကို အစကမသွားတော့ဘူးတွေးထားပေမဲ့ သူအခုမန္တလေးတွင် မနေချင် ကလောမရောက်ဖြစ်တာလဲကြာပီမို့သွားဖို့သာဆုံးဖြတ်လိုက်သည်။ရေချိုးပြင်ဆင်ပီး ၃ရက်စာအဝတ်တစ်ချို့ထည့်၍ အောက်ဆင်းလာခဲ့လိုက်သည်။

" သားလေး တစ်ခုခုတော့စားသွားအုံး မေမေပြင်ပေးမယ် ၊ ကားဂိတ်ကိုဘာနဲ့သွားမှာလဲ သားဟိန်းလာကြိုမှာလား"

မေမေက စိုင်းခက်စားဖို့ မုန့်ဟင်းခါးပြင်ပေးနေရင်းမေးနေလေသည်။ စိုင်းခက်လဲ စားပွဲတွင်ဝင်ထိုင်လျက်

"သားအိုးဝေနဲ့ဘဲသွားလိုက်မယ်မေမေ ဟိန်းနဲ့သားလမ်းခွဲလိုက်ကြပီ တစ်ယောက်ထဲပဲသွားဖြစ်တော့တယ် "

ဒေါ်နန်းပန်ခမ်းသည် စိုင်းခက်လျှံကိုအပြည့်အဝနားလည်ပေးထားတာဖြစ်သည်။စိုင်းခက်လျှံ အလယ်တန်းနှစ်မှာ သူစိတ်ဝင်စားတာယောကျာ်းလေးတွေဖြစ်နေတယ်လို့ရင်ဖွင့်ခဲ့တုန်းက သူမနဲ့သူမယောကျာ်း ငိုခဲ့သေး၏။ဒါပေမဲ့လဲ ဘယ်သူကမှတော့မွေးဖွေးလာထဲကငါကယောကျာ်းပဲကြိုက်မှာ၊မိန်းမပဲကြိုက်မှာဟုတွေးခဲ့ကြတာမှာမဟုတ်ဘဲ သူ့အလိုလိုဖြစ်တည်လာခြင်းကို မိဘအတ္တနဲ့ဇွတ်အတင်းထိန်းချုပ်ဖို့သူတို့မတွေးခဲ့၊ သားလေးရဲ့ဖြစ်တည်မှုကိုသာနားလည်ပေးထားလိုက်ကာ သူ့စိတ်ချမ်းသာတာကိုသာလုပ်စေခဲ့သည်လေ။

"ဘယ်လိုဖြစ်ကြတာလဲသားသားရယ် ဟိန်းလေးနဲ့တွဲတာဖြင့်ကြာနေပီမေမေက သားတို့ကလောကပြန်လာရင်ဟိန်းကို အိမ်မှာထမင်းစားဖို့တောင်ဖိတ်မလို့"

စိုင်းခက်မျက်နှာမကောင်းပေ။ ဖျော့တော့နေသောလေသံဖြင့်ဆိုလေသည်။

"ဒီလိုပါဘဲမေမေရယ် ဒါမဲ့သူ့ကိုမစွန့်လွတ်နိုင်ဘူး သူသားဆီပြန်လာအောင်ကြိုးစားမှာ..  ခုတော့
စိတ်ပြေလက်ပျောက်ခရီးခနထွက်အုံးမယ်.."

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now