အပိုင်း(၁၉) uni & zg

9.3K 323 9
                                    

Unicode

စိုင်းခက်အခန်းထဲပြန်ရောက်တော့ မွေ့ယာပေါ်ထိုင်ချလိုက်ကာ သက်ပြင်းချမိသည်။
သူ့လက်ဖျားတွေမှာ ယခုထိအေးစက်နေဆဲ။ နှလုံးသားတစ်ခုလုံးက ဗလာဖြစ်နေသည်။ ဘာကိုမျှမတွေးချင်တော့အောင် စိတ်ရှုပ်လာရသည်။စိတ်လန်းသွားအောင်ရေအရင်ချိုးဖို့သာ စိတ်ကူးကာ အကျီဘောင်းဘီများ ချွတ်ချကာရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။ စိုင်းခက် က gym သွားသဖြင့် ကျစ်လစ်သော ကြွက်သားများ
နှင့်ခန္ဓာကိုယ်က ကြည့်လို့ကောင်းသည်။

ရေချိုးခန်းသို့ရောက်တော့ မှန်ကြည့်ကာ မျက်နှာအားရေများဖြင့်ပွတ်သတ်လိုက်သည်။ လည်ပင်းတွင် အနီအကွက်များက အထင်းသား ။
စိုင်းခက် ကျစ် တစ်ချက်စုတ်ကာ ရေပန်းဖွင့်ချပီး ကျလာသောရေတွေကို မျက်နှာမေ့ာထားပီးခံယူနေရင်း အကိုနဲ့နမ်းနေတဲ့ ပုံရိပ်များကိုပြန်မြင်ယောင်လာသည်။ မျက်နှာအား လက်ဖြင့်ပွတ် လိုက်ပီး ခေါင်းငိုက်စိုက် ချကာ သူ့ဘာသာသူအသံထွက်၍ပြောမိသည်။

"စိုင်းခက်လျှံမင်းရူးနေသလား မင်းချစ်တာဟိန်းလေ မင်းသေလောက်အောင်ပြန်လိုချင်တာဟိန်းပါလို့ ကြွေးကြော်နေပီး လူတစ်ယောက်ကို စိတ်လိုလက်ရ နမ်းလိုက်တယ်ပေါ့ ။ ဘာမဟုတ် တဲ့ အရည်လေးဝင် တာနဲ့ စောက်အသိစိတ်ကင်းမဲ့ပီး ဟိန်းအပေါ် သစ္စာဖောက်တယ်ပေါ့လေ ၊ ဟိန်းအပေါ်တင်မဟုတ်ပဲ အကို့ကိုပါ ခံစားရအောင်လုပ်မိနေတာ "

"ဟာကွာ ဘာတွေလဲကွာ ငါ့စိတ်တွေဘာဖြစ်နေတာလဲအကို့ပေါ် ဘယ်လိုစိတ်တွေရှိနေတာလဲ မင်းသတိထားစမ်းစိုင်းခက်လျှံ မင်းမှာဟိန်းရှိ
တယ်"

စိုင်းခက် ပေါက်ကွဲစွာအော်ဟစ်နေသည်။
သူ့ကိုယ်သူ ပြန်အသိပေးနေသော အသံများနှင့်ရေချိုးခန်းတစ်ခုမှာ ပဲ့တင်သံများထပ်နေတော့သည်။

ရေပန်းအောက်တွင်နာရီဝက်လောက်ရောက်နေပီးမှ ပြန်ထွက်လာကာ ချည်ဝမ်းဆက်လက်ရှည် လေး ကောက်ဝတ်ပီး အိပ်ယာပေါ်ပစ်လှဲလိုက် တော့သည်။ ပြီးနောက် စားပွဲပေါ်တင်ထားသောဖုန်းကိုလှမ်းယူကာ ဟိန်းနဲ့သူနဲ့ ရိုက်ခဲ့တဲ့ ပုံအဟောင်းများကိုပြန်ရှာကြည့်ရင်း စိတ်ရှုပ်ထွေးလာသဖြင့် အိပ်စက်ခြင်းဆီသို့သာ ဦးတည်လိုက် တော့သည်။

အချစ်တို့ မြစ်ဖျားခံရာ ( complete ) BL Where stories live. Discover now