1(Unicode)

17.6K 776 53
                                    

(ဂွက်ထော်ရွာတောင်ပိုင်း)
မရုံးခင်ဆွေးအပေါင်ဆိုင်လေး၌ လူနှစ်ယောက်အချေအတင်ဖြစ်နေကြ၏

"ပုံတိုင်းဆောင် မင်းမလွန်လာနဲ့နော်"

"ဒါဆို မပေါင်နဲ့ပေါ့ဗျာ လာပေါင်တဲ့ ပုဆိုးက သန့်လားမသိ မသန့်လားမသိနဲ့ လိုချင်တော့
၅၀၀၀ ...ကုန်းလိုက်လေ ဖင်အရှည်ကြီးကုန်းလိုက် "

ပုဆုံးပုံစံလေးက အိတ်လေးနဲ့ကို မထုတ်ရသေးသည့် ပုံစံ ဒါကိုဈေးကိုင်နေတာ သူ့အဖေ အတိုင်းပါလေ။

"ဒီပုဆိုးက ၁၂၀၀၀ ကွ ငါဝတ်တောင်မဝတ်ရသေးဘူး ၁၀၀၀၀ မပေးရင်တောင် ထက်ဝက်ဈေးတော့ပေး "

"မရဘူး ၅၀၀၀ ဘဲရမယ် ယူချင်ယူမယူချင်သွား မတားဘူး "

ပုံတိုင်းဆောင် တစ်ယောက် လာပေါင်တဲ့ သူ၏ မျက်နှာတောင်မကြည့်ဘဲ ချောင်းတစ်ဟန့်ဟန့်နဲ့ သာ ခပ်ပြတ်ပြတ်ပြော၏

"မယူဘူး ကွာ ဟိုမှာ မင်းအဘတစ်ခိုင်စွန်း လာပြီသူ့ဆီမှာပေါင်မယ် "

"ပေါင်ပေါ့ "

"ပုံတိုင်းဆောင် ဘာတွေ ဖြစ်နေတာလဲ မင်းကရော ဘာလာပေါင်တာလဲ "

"ဦးကြီးကျုပ်က ပုဆိုးလာပေါင်တာ ဒါကို
ပုံတိုင်းဆောင်က ဈေးဖြတ်နေတာ ကျုပ် ပုဆိုးက ၁၂၀၀၀ တန်တာကို ၅၀၀၀ ဘဲယူတဲ့"

"ပြစမ်း ပုဆိုး "

ပုဆိုးကို ကိုယ်တိုင်ဖွင့်ကြည့်ပြီး အနံ့ပါရူလိုက်သေး၏

"ငါ့သား မှန်တယ် ၅၀၀၀ ပေးတာတောင်များတယ် မင်းဟာကကော်နံ့တွေနဲ့ စက္ကူကလဲ ဆွေးနေတာ ဖုံတွေလည်းတက် ဘာကိုအသစ်လဲ ၄၀၀၀ ဘဲယူ "

"ပေး ပေး ပေးပါတော့ ကျုပ်ထန်းရည်သောက်ချင်နေပြီ"

"အဘ သူ့ကို ၄၀၀၀ ဘဲပေးလိုက်တော့ "

"ပုံတိုင်းဆောင် အခုနကကျ ၅၀၀၀ ဆို"

"ကျုပ်ဈေးဖြတ်‌တုန်းက ခင်များမှ မယူတာ အခု အဘ ဖြတ်တဲ့အတိုင်းဘဲယူတော့ "

"မရဘူးကွာ ၅၀၀၀ လောက်တော့ပေး"

ပုံတိုင်းဆောင် မျက်နှာ ရူံ့ပြီး ၅၀၀၀ တန်လေးထုတ်ပေးလိုက်ပေမယ့် ဦးတစ်ခိုင်စွန်းကတော့ ၅၀၀၀ တန်ကို ဆွဲယူလိုက်ပြီး

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now