24(Unicode)

4.2K 267 20
                                    

ရွာထဲက အပင်အောက်များဟာ နှင်းရည်အတွက် အနားခိုစရာဆိုလည်းမှန်လိမ့်မည်
စိတ်ပျက်လည်း ဒီလာ စိတ်ပျော်လည်း ဒီဘဲလာနေခဲ့မိတာ...

"နှင်းရည် ဒီမှာဘာထိုင်လုပ်နေတာလဲ"

မေးခွန်းနဲ့အတူ သူ့ဘေးမှာ လာထိုင်တဲ့ကိုကိုကြီး။

"ကိုကိုကြီး နှင်းရည်ပြောစရာရှိတယ် "

"ဘာပြောမှာတုန်း "

"ဆရာမ ဧကရီက ထူးဆန်းနေတယ် "

"အဲ့ထက်ထူးဆန်းတာက ကျန်စစ်ကိုပြဿနာရှာတဲ့ဆရာမက ပိုထူးဆန်းတာ"

"သူကဘာဖြစ်လို့ "

"မသိတော့ဘူးဟာ ငါမြင်မိနေတာတွေရှိနေတာ ထားပါ ဟိုဆရာမ ဧကရီကဘာ‌ကြောင့်
ထူးဆန်းလဲသာပြောပါအုန်း "

"ဟိုနေ့က ကိုကိုကြီးပေးတဲ့ဂေါ်ဖီလေ ဆရာမဆီကို သွားကြော်ပေးတုန်းက နှင်းရည်ကို မြတ်နိုးရာ မြတ်နိုးရာလို့အော်ခေါ်ပြီး မောင်းထုတ်တယ်"

"ဘယ်လို "

"ဟုတ်တယ် နှင်းရည်ကိုမောင်းထုတ်တယ်
ငိုလဲနေတယ် "

"သူမောင်းထုတ်တာ မထုတ်တာ ငါမမေးဘူး
ငါပေးတဲ့ဂေါ်ဖီက ဘာလို့ အဲ့ဆရာမကိုသွားကြော်ပေးရတာဘဲ ငါအိမ်အတွက်ပေးလိုက်တာလေ "

နှင်းရည်ထိုမှ ဒီစကားပြောမိမှန်း သတိထားမိ၏ သူမသိအောင်ဖုံးကွယ်ပါသည်ဆိုမှ အခု‌လိုပြောရင် ကိုကိုကြီးဒေါသထွက်သွားနိုင်သည်။

"အဲ့ အဲ့တာက "

"ဘာလဲ အဖေက လက်မခံလို့လား"

"အင်း အဖေက ကိုကိုကြီးနဲ့ပတ်သတ်လို့တဲ့လက်မခံဘူး "

"‌အာ.."

"တောင်းပန်ပါတယ် မပြောမိတာ "

"ထားလိုက် "

"ဟမ် ဟိုမှာ သာလှနဲ့ အကိုကျန်စစ်ပါလား"

နှင်းရည်ရဲ့ ညွန်းရာကို မော့ကြည့်ပြီးတော့မျက်စောင်းတစ်ချက်သာထိုးကြည့်လိုက်၏
ဒီလိုကောင်မျိုးကို ဘာလို့ ဟိုဒေါက်တာကြိုက်နေရတာလဲ ကန်းနေလို့ဘဲနေမှာ။

"သာလှ! အကိုကျန်စစ် နင်တို့တွေ တစ်ပူးပူးတစ်တွဲတွဲနဲ့နော် ကြိုက်နေတာလား "

သူကြီးသားကကျွန်တော့်အပိုင်[ပုံတိုင်းဆောင်](Completed)Where stories live. Discover now