020:Online-Offline

1.1K 215 11
                                    

Unicode

ဟဲကျင့်သည်  ခဏလောက်စဉ်းစားပြီး တစ်ခုခုပြန်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

မီး ထံ စာတိုတစ်စောင်ပို့ခဲ့သည်။
"hj2000,******ဒါက ဒီဂိမ်းရဲ့ ငါ့ သုံးစွဲသူအမည်နဲ့ စကားဝှက်"

————
ပထမတော့ မီး က ကြောင် သွားပေမယ့် မကြာခင်မှာပဲ သူက ခပ်တိုးတိုးရယ်ရင်း

"အာ ဘာလို့ မင်းကိုယ်မင်း ငါ့ကိုတကယ်ပေးနေတာလဲ?"

ထို စာကိုဖတ်ပြီး ဟဲကျင့် ရဲ့မျက်နှာက ချက်ချင်းပူလောင်သွားတော့သည်။အာ တကယ်တော့ အဲ့လိုသဘောမျိုး ပေးတာ မဟုတ်ပါဘူးနော်....

တကယ်တမ်းတော့ သူ့အတွက် ရှစ်နှစ်တာ မတွေ့ဖူးတဲ့ "သူငယ်ချင်းဟောင်း" နဲ့ ဆာဗာတစ်ခုလုံးမှာ ထိပ်တန်း အဆင့် ၁  ဖြစ်လာတဲ့သူတစ်ယောက်နဲ့ တွေ့ဆုံခွင့်ရဖို့က ကြီးမားတဲ့ ထီဆုကြီး တစ်ခုခုကို ဆွတ်ခူးသွားသလို ခံစားလာရတယ်လေ !

ယခုဆိုလျှင် ထိုသူငယ်ချင်းဟောင်းက သူ့ကို စီးတော် သားရဲ ပေးသည့် အပြင် ရွှေဒင်္ဂါးပြားများ ပေးပြီး သူ့ကို ကောင်းစွာ ဆက်ဆံနေသေးကြောင်း သိလာရသည်...

သူသည် ရက်ရောလွန်းသဖြင့် ဟဲကျင့် သည် အမြဲတစေ အပြစ်ရှိသလို ခံစားနေခဲ့ရသည်။

ထို့ကြောင့်ပင် သူသည် ထိုသူအား မိမိ၏အသုံးပြုသူအမည်နှင့် စကားဝှက်ကို ပေါ့ပါးစွာပဲ ပေးခဲ့သည်။ ဒါဟာ သူ့ဘက်​က ယုံကြည်​မှုကို ပြသ​နေသလိုပါပဲ။

သူက မီး ကို ရိုးရှင်းစွာ ပင် မင်းငါ့ကိုပေးခဲ့တဲ့ ရွှေဒင်္ဂါးတွေအကုန်လုံးကို ဒီမှာထားခဲ့တယ်၊ဒါကြောင့် မင်းပြန်ယူချင်ရင် ငါအွန်လိုင်းမတက်ရင်တောင် မင်းပြန် ယူနိုင်တယ် ဆိုသည့် သဘောမျိုးဖြင့် အကောင့်ကိုပေးခဲ့တာပင်။

မက်ဆေ့ချ်ပို့ပြီး မကြာခင်မှာပင် ဟဲကျင့် သည် အနည်းငယ် စိတ်မြန်လွန်းသည်ဟု ခံစားမိသည်။ အီးမေးလ်များ၊ မိုက်ခရိုဘလော့ဂ်၊ ပို့စ်ဘား၊ ဖိုရမ် အစရှိသည်တို့အပါအဝင် သူ၏အသုံးပြုသူအမည်နှင့် စကားဝှက်ကို သူ၏အွန်လိုင်းအကောင့်အားလုံးအတွက် အသုံးပြုခဲ့သည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now