050: ဆက်ဆံပုံက လုံးဝ တူမနေဘူး

936 168 1
                                    

Unicode

စုံတွဲအညွှန်းအမှတ်?! ဟဲကျင့်သည် ချက်ချင်းပဲ တုံ့ပြန်လာသည်။ မီး က သူ့ကို ပန်းတွေ ပေးလိုက်တာက... လျှို့ဝှက်လင်မယား မစ်ရှင်ကြောင့်လား

မီး : "မြေတွေဝယ်တဲ့နေ့မှာပဲ နှင်းဆီပန်းတွေပို့တာက ငါတို့လင်မယားအညွှန်းအမှတ်ကို တိုးစေနိုင်တယ်ဆိုတာ ရုတ်တရက် သတိရလိုက်တာ။"

ဒါဆို အဲ့ဒါပေါ့!

"ဒါပေမယ့် ငါတို့ အိမ်ဆောက်ပြီးပြီလေ နောက်ဆိုငါတို့ ..." ဟဲကျင့်က လျှာကို ကိုက်ကာ ခဏရပ်လျက် လက်ထဲက နှင်းဆီပန်းတွေလို မျက်နှာမှာ နီရဲလာတော့သည်။"တစ်ခန်းထဲအတူနေ" ဆိုသည့် ဤစာကြောင်းကိုအဆုံးသတ်ရန် ပြောမထွက်နိုင်ပေ။

မီး က သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ရှင်းပြလာသည်။

"အိမ်ဆောက်ဖို့က ရက်အနည်းငယ်ကြာတယ် တစ်ခန်းထဲနေဖို့က ပြောမနေနဲ့တော့ တနေ့မှ အမှတ် 50 ပဲတိုးတာ ဒီနည်းလမ်းကို အားကိုးနေရင် လျှို့ဝှက်လင်မယား တာဝန်ကို လုပ်ဖို့အဆွက် ဆို အနည်းဆုံး တစ်လ ခွဲ လောက်စောင့်နေရလိမ့်မယ် နှင်းဆီပန်းပေးတာက ပိုမြန်တယ်"

ဟဲကျင့်သည် ဆွံ့အ သွားတော့သည်၊၊ဒီလျှို့ဝှက် လင်မယားတာဝန်ရဲ့ ဆုက ဘာမို့လို့လဲ? မီး က အရမ်းတွေဖြေချင်နေရအောင်တောင်လေ

မီး သည် သူ့အား ပန်းများပေးပို့ရခြင်းမှာ လျှို့ဝှက်လင်မယားတာဝန်အတွက် စုံတွဲအညွှန်းအမှတ် လိုအပ်ချက် ကို ဖြည့်ဆည်းရန်မျှသာဖြစ်သော်လည်း ထိုအချိန်တွင် ဟဲကျင့် ၏ခံစားချက်မှာ ကမောက်ကမဖြစ်နေဆဲဖြစ်သည်။

သူသည် လက်တွေ့ဘဝတွင် ပန်းများကို တစ်ကြိမ်သာ ရရှိဖူးသည်။ အထက်တန်းကျောင်းတုန်းက မိန့်ခွန်းပြောပြိုင်ပွဲပြီးဆုံးချိန်တုန်းက သူ့ကျောင်းက မိန်းကလေးတချို့က သူ့ကို ကျူးလစ်ပန်းစည်းပေးဖို့အတွက် စင်မြင့်ပေါ်တက်လာချိန်တွင် ကျန်ကျောင်းသားတွေဆီက စနောက်တဲ့ အသံတွေတောင်ထွက်လာခဲ့သေး၏။ သို့သော် နောက်ပိုင်းမှ ဟဲကျင့် သိလိုက်ရတာက ကျောင်းရဲ့ သတင်းစာတိုက်အဖွဲ့ဝင်တွေကို လှပတဲ့ ဓာတ်ပုံတချို့ ရိုက်ခွင့်ပြုရန်အတွက် ဆရာကက စီစဉ်ပေးခဲ့သည့် အကြောင်းပင်။ထို့ကြောင့် ဂိမ်းထဲမှာပဲဖြစ်ဖြစ် လက်တွေ့ပဲဖြစ်ဖြစ် ဒါက ဟဲကျင့် အတွက် တခြားသူဆီက လက်ဆောင်အဖြစ် ပန်းတွေကို ပထမဆုံးအကြိမ် လက်ခံရရှိခြင်းပါပဲ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now