ခမာမြေမှာ ကျွန်တော် ကိုကို့ကိုတွေ့ခဲ့တာ (U)

6.3K 701 266
                                    

"ခွမ်း!!"

"ဟဲ့... ဝင်းဝင်းကျော်ဇော!!"

"ဗျာ အမေ့... သားဘာမှမလုပ်ဘူး"

"ဘာမှမလုပ်ဘဲ နင် ဘာတွေကျကွဲနေတာလဲ"

"စုဗူးခွဲတာ"

ကျော်ဇော အမေ့အားပြန်ဖြေပြီး ကြမ်းပြင်၌ကျနေသော စုဗူးအိုးကွဲများကြားမှ ၅၀၀၀ တန်နှင့် ၁၀၀၀၀ တန်များကို စုပြီးသိမ်းယူနေသည်။ အမေက အခန်းပေါက်ဝမှာ  ပေါ်လာပြီး...

"နင့် စုဗူးက ပြည့်ပြန်ပြီလား... ငါ့ဆီကများ ခိုးခိုးပြီးထည့်နေသလားပဲ"

"အမေကလည်းဗျာ မဟုတ်တာတွေကို"

"ပြောလို့ရတာမဟုတ်ဘူး နင်တို့မောင်နှမနှစ်ယောက်က အားနေငါ့ပိုက်ဆံတွေခိုးနေကြတာ... ငါလည်း နင့်အဖေကို မီးခံသေတ္တာတစ်လုံးကို ဝယ်ခိုင်းမှရတော့မယ်"

အမေက ထုံးစံအတိုင်း ပွစိပွစိပြောကာ မီးဖိုဆောင်ဖက်ပြန်ဝင်သွားသည်။ ထိုအခိုက်မှာပဲ ကျော်ဇောထက် နှစ်နှစ်ငယ်သော ညီမလေး ဝင်းဝင်းသော်တာ က တံခါးဝမှာစပ်ဖြီးဖြီးနှင့်ပေါ်လာပြီး...

"ကိုကြီး နင်စုဗူးခွဲပြီလား... ပျော်စရာကြီး ဟီးဟီး"

ကျော်ဇောက သော်တာ့အား မျက်မှောင်ကုတ်၍ကြည့်လိုက်သည်။ လက်ထဲမှာ ရေတွက်နေသောပိုက်ဆံများကို အိတ်ထဲသို့ သေချာထည့်သိမ်းလိုက်ပြီး...

"ငါ့ဟာငါ စုဗူးခွဲတာ နင်ကဘာလာပျော်နေတာတုန်း...လစ်"

"နင်ကလည်းဟာ... ငါ နင့်ဟာ မယူပါဘူး... နင် စုဗူးပြည့်သွားတာ အားကျလို့ နင့်ဆီကမိုတီလာယူတာ"

"အားကျရင် ငါ့လိုပြည့်အောင်လုပ်လေ ဇာဂနာနဲ့ညှပ်ညှပ်ပြီး ပြန်ထုတ်သုံးနေမှတော့ နင့်စုဗူး သေတောင်မပြည့်ဘူး"

ကျော်ဇောက ပိုက်ဆံထည့်ထားသော အိတ်အား ဗီရိုထဲသို့ထည့်၍သော့ခတ်လိုက်သည်။ ဒီနှစ်ကုန်လျှင် ကျော်ဇော အရမ်းသွားချင်နေသည့် ကမ္ဘာကျော် အန်ကောဝပ် ကျောင်းတော်ကြီးဆီသွားနိုင်တော့မည်မှာ သေချာသလောက်ရှိနေပြီ။

"နင်ကလည်း ငါက မလိုအပ်ဘဲထုတ်သုံးတာ မဟုတ်ပါဘူးဟ... လိုတာလေးတွေ ဝယ်စရာရှိမှ ထုတ်သုံးတာပါ"

ကိုကို Enjoyers Series 💓Kde žijí příběhy. Začni objevovat