Chapter 1【Volume 1: စတားကတ်ကမ္ဘာ】

104 10 2
                                    

『Unicode』
   
【Volume 1: စတားကတ်ကမ္ဘာ】

Chapter 1 (အခြားကမ္ဘာသို့ဝိညာဉ်ကူးပြောင်းခြင်း)

ရှဲ့မင်ကျယ်သည် သားရဲကြီးတစ်ကောင်က သူ့ကို လိုက်ဖမ်းနေသည့် အိမ်မက်ဆိုးတစ်ခုမက်ခဲ့သည်။ သူ အပြင်းအထန် ထွက်ပြေးခဲ့သည်။ သားရဲက ၎င်း၏ပါးစပ်ကိုဖွင့်ပြီး သူ့ကို ဝမ်းဗိုက်ထဲမျိုချတော့မည့်အချိန်မှာ ရှဲ့မင်ကျယ်သည် ထိတ်လန့်တကြားနဲ့ မျက်လုံးဖွင့်လိုက်ပြီး ပတ်ပတ်လည်ကို ကြည့်လိုက်တော့ သူ့ခေါင်းထက်က သူ့တက္ကသိုလ်အိပ်ဆောင်၏ မျက်နှာကျက်မဟုတ်သလို သူ့အခန်းဖော်လည်း ဒီမှာ မရှိဘူး။ ထူးဆန်းသောအခန်းတစ်ခုထဲတွင် သူတစ်ယောက်တည်း အိပ်နေခဲ့သည်။

မနေ့ညက သူ့အခန်းဖော်သည် မွေးနေ့ပွဲ ကျင်းပဖို့ သူနဲ့အတူ အပြင်ထွက်စားခဲ့တာကို သတိရမိသည်။ နောက်ဆုံးတော့ သူ့အခန်းဖော်က အရက်မူးနေသောကြောင့် ရှဲ့မင်ကျယ်သည် သူ့အခန်းဖော်ကို ကျောပေါ်တင်ပြီး အိပ်ဆောင်ကို မနက် 3 နာရီမှာ ပြန်လာခဲ့သည်။

"ငါ ဘာလို့ ထူးဆန်းတဲ့အခန်းမှာ နိုးလာရတာလဲ..."
ရှဲ့မင်ကျယ်သည် တောင့်တင်းပြီး ပတ်ပတ်လည်ကို ဂရုတစိုက်ကြည့်သည်။

ပတ်ပတ်လည်မှာ အဖြူရောင်နံရံဖြင့် သူက ဆေးရုံခန်းထဲမှာ ရှိနေသည်။ သူသည် မော်နီတာစက်ကဲ့သို့ စက်ဘေးက ကုတင်ပေါ်တွင် လဲလျောင်းနေ၏။ လျှပ်ကူးပစ္စည်းအချို့ကို သူ၏အရေပြားပေါ်တွင် ထားရှိထားပြီး ယင်းကိရိယာပစ္စည်းများကို ၎င်း၏ LCD ဘောင်ကွက်တွင် နားမလည်နိုင်သော ဂဏန်းတန်ဖိုးအချို့ဖြင့် ပြသနေသည်။

—— "ငါ ညသန်းခေါင်မှာ အပြင်းအထန်ဖျားလို့ ငါ့အခန်းဖော်က ငါ့ကို ဆေးရုံအရေးပေါ်ခန်းဆီ ခေါ်လာတာလား..."

သူစဉ်းစားနေတုန်းမှာ အင်္ကျီဖြူဝတ်ထားသည့် သူနာပြုတစ်ယောက်က တံခါးကို တွန်းဝင်လာခဲ့သည်။ သူ့ကိုမြင်ပြီးနောက် သူနာပြုဆရာမက တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသလို မျက်လုံးပြူးသွားသည်။

ရှဲ့မင်ကျယ်က အစပျိုးပြောလိုက်သည်။
"မ...မင်္ဂလာ...ပါ... ကျွန်တော်..."

စတားကတ်မာစတာ(ဘာသာပြန်)Where stories live. Discover now