Chapter 2【Volume 1: စတားကတ်ကမ္ဘာ】

83 14 1
                                    

『Unicode』
   
Volume 1: စတားကတ်ကမ္ဘာ

Chapter 2 (သက်ဝင်သော စတားကတ်ဟိုလိုဂရမ်)

ရှဲ့မင်ကျယ်သည် လူနာဆောင်ထဲတွင် တစ်ညတာ ငြိမ်သက်သွားပြီး ခန္ဓာကိုယ်၏မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို ရှင်းထုတ်လိုက်သည်။

ခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းခဲ့သည်။ ပန်းချီပညာကို ထူးချွန်သူဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှတစ်ဆင့် မြို့တော်တက္ကသိုလ်၏ အနုပညာဌာနသို့ ဝင်ခွင့် ဖြေဆိုခဲ့သည်။ သင်တန်းအသစ်သည် စက်တင်ဘာ 1 ရက်တွင် စတင်မည်ဖြစ်ပြီး ယနေ့က သြဂုတ် 1 ရက်ဖြစ်သည်။ တစ်လဟာကျန်တော့သဖြင့် အမြန်ဆုံးပြင်ဆင်ရမည်ဖြစ်သည်။

ပထမဆုံးအနေနဲ့ သူ ဆေးရုံက ဆင်းရမည်။ အထူးကြပ်မတ်ကုသဆောင်မှာနေရင် ပိုက်ဆံအများကြီးပေးရမည်။ ဤလောက၌ သူ့တွင် ဆွေမျိုးမရှိသဖြင့် ဆေးဖိုးကို မည်သူက ပေးသည်ကို မသိ။ ဒါကိုတွေးပြီး ရှဲ့မင်ကျယ်က စိတ်မငြိမ်မသက်ဖြစ်သွားသည်။ တာဝန်ကျဒေါက်တာကို ရှာရန် ဖိနပ်တစ်ရံကို အမြန်ဝတ်လိုက်သည်။

မနက်ရှစ်နာရီမှာ လူနာဆောင် 7 က ကောင်လေးသည် ရုတ်တရက် တံခါးကို ဆွဲဖွင့်ပြီး ထွက်လာသည်။

လူနာဆောင်ကို လှည့်ပတ်နေသည့် ဆရာဝန်ချင်က မျက်ခုံးပင့်လိုက်ပြီး ရှဲ့မင်ကျယ်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"ရှဲ့မင်ကျယ်... ကုတင်ပေါ်မှာလဲပြီး အနားယူရမဲ့အစား မင်းဘယ်သွားမလို့လဲ..." ယေဘုယျအားဖြင့် လူနာများသည် ကိုမာအခြေအနေမှ နိုးထလာသောအခါ အစပိုင်းတွင် အလွန်စိတ်ရှုပ်လာကာ ကမ္ဘာကြီး၏ ပြောင်းလဲမှုများကို လက်ခံရန် အချိန်အတော်ကြာသည်။ သို့ပေမဲ့ ဒီကောင်လေးသည် အလွန်ထူးဆန်းပြီး ကြောင်တောင်တောင်နိုင်သော အမူအရာ ဒါမှမဟုတ် စိတ်ပျက်သောအမူအရာမျိုး မပြဘူး။ သူသည် မနက်စောစောတွင် ခြေအိတ်မဝတ်ဘဲ ဖိနပ်ဖြင့် ထွက်လာသော်လည်း စိတ်ဓာတ်နှင့် ခွန်အားအပြည့်ရှိသည်။

"ဒေါက်တာ... ကျွန်တော် ဘယ်တော့ ဆေးရုံကဆင်းရမှာလဲ..." ရှဲ့မင်ကျယ်က ဒေါက်တာကို လေးလေးနက်နက် ကြည့်လိုက်သည်။ "ပြီးတော့ ကျွန်တော့်ရဲ့ဆေးဖိုးတွေကို ကျွန်တော် ဘယ်လိုပေးရမှာလဲ..."

စတားကတ်မာစတာ(ဘာသာပြန်)Where stories live. Discover now