လော်ရိုနာ

583 33 3
                                    

လော်ရိုနာ

စုတ်ပြတ်ဟောင်းနွမ်းပြီး ဖုန်အလိမ်းလိမ်းကပ်နေသော အဝတ်အစားကို ဆင်မြန်းထားသည့် အမျိုးသမီးတစ်ဦးသည် တကျွီကျွီမြည်နေသော စျေးဝယ်တွန်းလှည်းကို မကောင်းဆိုးဝါးတစ်ကောင်တွန်းနေသည့်အလား ဖြည်းညင်းစွာ တွန်းနေသည်။ သူမ၏ ရှည်လျားပြီးအဆီများဖြင့်ရွှဲနေသောဆံပင်တို့က မျက်နှာကို ဖုံးအုပ်ထားသော်လည်း သူ့ကိုစိုက်ကြည့်နေသည်ဟု ရာမွန် ခံစားမိသည်။

သူ ရှေ့ကိုကြည့်လိုက်သည်။ ထိုကဲ့သို့ အိမ်ယာမဲ့အမှိုက်သရိုက်လူတန်းစားများကို လျစ်လျူရှုလိုက်ခြင်းက သူတတ်နိုင်သော အကောင်းဆုံးလုပ်ရပ်ပင် ဖြစ်ပေလိမ့်မည်။ သူတို့ကို အကြွေအနည်းငယ်ပေးကမ်းလိုက်ပြန်လျှင် နောက်ကတကောက်ကောက်လိုက်ကာ တွယ်ကပ်နေပေဦးတော့မည်။

"ငါ့ကလေးတွေကို တွေ့မိသေးလား" အမျိုးသမီးဆီမှ စကားသံထွက်လာသည်။

သူမ၏အသံရှတတကြောင့် သူ တုန်လှုပ်သွားမိသည်။ တစ်စုံတစ်ယောက်က အပ်နှင့်ထိုးလိုက်သလို နှလုံးခုန်တွေမြန်လာသည်။ လမ်းကို ခပ်သွက်သွက်လျှောက်လိုက်သည်။ ရေခဲသေတ္တာထဲမှ နွားနို့ပုလင်းကိုလှမ်းအယူ တုန်ရီနေသောသူ့လက်တွေကိုမြင်လိုက်တော့မှ ထိုအမျိုးသမီး၏စကားသံတွေကြောင့် တုန်လှုပ်နေမှန်း သတိဝင်မိသည်။ ထိုအမျိုးသမီးကိုကြည့်ရသည်မှာ လော်ရိုနာကို အမှတ်ရသွားစေသည်။

သူမအကြောင်း မတွေးမိခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်သည်။ ပေါ့ထရီရိုမှာ မနေဖြစ်ခဲ့တော့တဲ့ ကလေးဘဝတည်းကဆိုပါတော့။

မြို့ကလူတိုင်းတွင် လော်ရိုနာနဲ့ပတ်သတ်ပြီး ဇာတ်ကြောင်းတွေရှိကြသည်။ အပြောများကြသည်က သူမ၏ကလေးတွေကို ရေနှစ်သတ်ခဲ့ပြီးနောက် မြို့ထဲကိုပြန်လာခဲ့သည်။ ညအချိန်ရောက်မှ သူမရဲ့ကလေးတွေကို လိုက်ရှာတတ်သည်။ သူမ၏ သနားစရာကောင်းသော ငိုကြွေးသံသည် သတိပေးခြင်းဖြစ်သကဲ့သို့ အတိတ်နိမိတ်ဖြစ်သည်ဟုလည်း မြို့ခံများက ယူဆကြသည်။

ရာမွန်၏ဦးလေးဖြစ်သူ ကမီလိုကတော့ ညဘက်အိမ်ပြန်လာချိန်တွင် ထိုအမျိုးသမီးသရဲနှင့် တွေ့ခဲ့ဖူးသည်ဟု ပြောဖူးသည်။ မိုးရာသီ၏ညတစ်ည။ မြစ်ရေလျှံနေသောကြောင့် သွားနေကြမဟုတ်သောလမ်းကို ကမီလို ရွေးချယ်မောင်းနှင်ခဲ့ရသည်။

20 Best Short Scary Stories of THE OPRAH MAGAZINEWhere stories live. Discover now