ဆယ်လ်ဖီ

27 2 0
                                    


ဒီဇာတ်လမ်းလေးရဲ့အကြောင်းအရာကတော့ ရှော့ပင်းမောလ်တစ်ခုက ဖုန်းအသစ်ဝယ်ရာကနေ ပြုလုပ်လိုက်မိတဲ့အမှားတစ်ခုကြောင့် ကြုံတွေ့ရမဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ကံကြမ္မာအကြောင်းဖြစ်ပါတယ်။ 

ပုံတွေထဲကနောက်ဆုံးတစ်ပုံမှာ ကျွန်မ ပြေးနေရတယ်။ ကျွန်မ ပြေးဆင်းနေတဲ့လမ်းဟာ မှောင်မိုက်ပြီး လမ်းမီးတွေကလည်း မှိန်နေတယ်။ အဲဒီမှိန်ပျပျအလင်းတွေဟာ လမ်းမပေါ်ကို ခပ်ဝါဝါလေး ဖြာကျနေတယ်။ ကျွန်မ့နှလုံးသားဟာ ရင်ဘတ်ထဲကနေ ပေါက်ထွက်မတတ်ပဲ။ ပါးစပ်ထဲကနေ မနှစ်မြို့စရာ ခပ်ချဥ်ချဥ်အရသာတစ်ခုကိုလည်း ရနေတယ်။ ကျွန်မ မြန်နိုင်သမျှမြန်အောင် ပြေးနေရတယ်။ ကျွန်မ ဝေးဝေးရောက်ဖို့လိုတယ်လေ။

ကောင်းကင်မှာရှိနေတဲ့လကလည်း လဆုတ်ဆိုတော့ တံစဥ်ကွေးသာသာ။ သူ့ပါးပြင်မှာလည်း ဝက်ခြံအမာရွတ်တွေနဲ့။ သူက ကျွန်မကို အပေါ်စီးကနေ အုပ်မိုးကြည့်နေလေရဲ့။ သူ့ကြည့်ရတာ ပုံမမှန်တဲ့ဓားတလက်ချိတ်ဆွဲထားသလိုလို။ သူတို့ကျွန်မနောက်ကနေ ပြေးလိုက်နေပြီး ကျွန်မကို မီလာတော့မယ်။ ဒါတောင် သူတို့ အသည်းအသန်လိုက်နေကြတာမဟုတ်ဘူး။ ကျွန်မ ပတ်ပတ်လည်ကို သူတို့ ဖြန့်ကျက်နေရာယူလိုက်ကြပြီး ကျွန်မကို မိသွားတယ်။ လွယ်လွယ်လေးပါပဲ။ ဘာမှတောင် အားစိုက်လိုက်ရတယ်မထင်ပါဘူး။ သူတို့ ကျွန်မနာမည် အယ်လီဆိုတာကို တိုးတိုးလေး ရေရွတ်နေကြတယ်။ ရှေ့မှာ သံချေးတက်နေတဲ့ ကစားကွင်းအဟောင်း။ ဒီကဒန်းတွေပေါ်မှာ ကျွန်မငယ်ငယ်တုန်းက ကစားနေကျ။ သူတို့ ကျွန်မကို လိုက်ပို့နေကျပဲ။ ဒီကလေးတွေ ဒန်းရောစီးကြသေးရဲ့လား ကျွန်မမသိဘူး။ ဂိတ်ပေါက်ကိုဖြတ်ပြီး ကစားကွင်းထဲကို ဒရောသောပါးဝင်လိုက်တယ်။ ကျွန်မ ဆက်ပြေးနေတယ်။ ဒါပေမဲ့ ဓာတ်ပုံရိုက်လိုက်တယ်။ ကျွန်မဘယ်လိုမှ မတတ်နိုင်ပါဘူး။ ဓာတ်ပုံထဲမှာတော့ ကျွန်မရယ်၊ ဂိတ်ကြီးရယ်၊ တံစဥ်ကွေးလရယ်။ ကျွန်မနောက်မှာ ဘယ်သူမှရှိမနေခဲ့ပါဘူး။

"ငါဒီဇာတ်လမ်းကို ပြီးခဲ့တဲ့လတွေတုန်းက ရူးသွားတဲ့ကောင်မလေးတစ်ယောက်ဆီက ကြားခဲ့ရတာ"

You've reached the end of published parts.

⏰ Last updated: May 02 ⏰

Add this story to your Library to get notified about new parts!

20 Best Short Scary Stories of THE OPRAH MAGAZINEWhere stories live. Discover now