Part-16

3.3K 291 32
                                    

<Unicode>
ဖေဖေ၏Companyမှာဝင်လုပ်နေသည်မှာ
တစ်လခန့်ရှိပြီး။
ယွန်ဂီလည်းဘာမပြောညာမပြောဖြင့်
ပျောက်သွားလိုက်တာလည်း
တစ်လပြည့်တော့မည်။

ဆက်သွယ်လည်းမရ။
စာမလာသတင်းမကြား။
ဒီကြားထဲဖေဖေကလည်း
Honeyသတင်းကိုစုံစမ်းနေတာ
အစအနတောင်မရပေ။
Companyကိုတာဝန်ယူလိုက်ကတည်းကpressureက
အရင်ကထက်သိသိလာလာပိလာတယ်။

ဒေါက် ဒေါက်!

"ဝင်ခဲ့"

တံခါးတွန်းဖွင့်သံနှင့်အတူ
ခပ်လှလှအမျိုးသမီးတစ်ယောက်က
ရုံးခန်စထဲဝင်လာသည်။
ထိုသူက သူ့အတွင်းရေးမှူးမလေး ကင်ယူနာ။

"နောက်ထပ်ငါးမိနစ်နေရင် ရှယ်ယာရှင်အစည်းအဝေးစပါတော့မယ်"

"ကောင်းပြီး ငါလာခဲ့မယ်"

တင်း!

ထပ်မံဝင်လာသောmessageတစ်စောင်။
ကြည့်လိုက်တော့
မင်ယွန်ဂီဆိုသည့်nameကပြူးနေရော။
ဝင်ကြည့်တော့ပို့ထားသည်မှာ ဗီဒီရိုတစ်ခုပင်။

Honeyကအမျိုးသမီးတစ်ယောက်နဲ့
စကားပြောနေခဲ့တာ။
ထိုအမျိုးသမီးကိုကြည့်လိုက်တော့
  သူဟိုးးတစ်ခါကမူးပြီးနမ်းခဲ့ဖူးသည့်ကောင်မလေး။

စကားဝိုင်းမှာ
တိတ်ဆိတ်နေသယောင်ထင်ရပေမဲ့
ထိုမိန်းမထုတ်ပေးလိုက်သော
စာရွက်တစ်ရွက်ကြောင့်
Honeyမှာအရမ်းထိတ်လန့်သွားပုံပင်။

ဗီဒီရိုမှာ အသံမပါတာကြောင့်
သူတို့ဘာတွေပြောနေမှန်းမသိရ။
သို့ပေမဲ့ Honeyက
အတော်အတန်တုန်လှုပ်နေပုံပင်။

ဖုန်းကိုင်ထားသော လက်အစုံမှာ
တင်းလာပြီး စိတ်ပေါက်ပေါက်​ဖြင့်နံရံထက်သို့ပစ်ပေါက်ကာ
  ဒေါသအားပုံချပြီး နက်ကတိုင်အား
  အနည်းငယ်ဖြည်လျော့လိုက်သည်။

"ပေါင်းကြံတယ် ခွေးလိုစုံတွဲ!!!"

"CEOရှင့် အစည်းအဝေးစပါတော့မယ်"

တံခါးခေါက်ကာပြောနေသော
အတွင်းရေးမှူးအသံကြားမှ
ဂျောင်ကုအသိစိတ်နည်းနည်းပြန်ဝင်လာသည်။

နဖူးထက်ရှိချွေးများအားသုတ်လိုက်ပြီး
တံခါးဖွင့်ကာ အစည်းအဝေးခန်းမသို့
လျှောက်လာလိုက်သည်။
အတွင်းရေးမှူးမှာလည်း
နောက်မှထပ်ကြပ်မခွာလိုက်လာသည်။

Loading..Where stories live. Discover now