Part-17

3.7K 309 33
                                    

<Unicode>
ဒီမနက်ထမင်းစားဝိုင်းကလူမစုံချေ။
ဖေဖေကအစည်းအဝေးရှိတာကြောင့်
ထယ်ယောင်းကိုပင်ကျောင်းပို့မအားပဲ
အစောကြီးထွက်သွားသည်။

ထမင်းစားဝိုင်းမှာ
ကိုကိုရယ် မေမေရယ် မမယူရီရယ်သာရှိသည်။
မမယူရီမှာ မကြာခင်ကိုကိုနဲ့လက်ထပ်တော့မည်ပင်။
မမကလှလည်းလှပြီး သဘောလည်းကောင်းသည်။
ကိုကိုနဲ့အရမ်းလိုက်ဖက်တာ။

"ငယ်လေးကို ယူရီကကျောင်းလိုက်ပို့လိမ့်မယ်"

"နင်ကအားနေရဲ့နဲ့ဘာလို့သမီးယူရီကိုခိုင်းနေတာလည်
သားငယ်ကို ကိုယ်တိုင်လိုက်ပို့လိုက်"

"ရပါတယ်မေမေရဲ့ သမီးအားတယ်
ဘိုဂန်က ပန်းချီဆွဲလက်စမို့ပါ"

လူကြီးသုံးယောက်စကားဝိုင်းကို
ထယ်ယောင်းငြိမ်ငြိမ်လေးနားထောင်နေသည်။
တကယ်တော့သူလည်းလူကြီးပင်
အိမ်ကလူများကသာ
သူ့ကိုကလေးသဖွယ်ဆက်ဆံနေကြတာကြောင့်
ကလေးလိုနေပေးနေရခြင်းပင်။

"သားဝပြီးမေမေ"

"ဝရင် မမကကျောင်းလိုက်ပို့မှာပေါ့ထယ်လေးရဲ့
သွားရအောင်"

မေမေ့ပါးကိုတစ်ချက်နမ်းပြီး
မမနဲ့အတူကျောင်းသို့ထွက်ခဲ့လိုက်သည်။
ရာသီဥတုကခပ်အုံ့အုံ့ဖြစ်နေတာကြောင့်
မကြာခင်မိုးရွာတော့မည့်အရိပ်အယောင်။

မမကStay with youဆိုသော
သီချင်းခပ်ဆွေးဆွေးကိုဖွင့်ထားပြီး
တစ်ချက်ချက်လိုက်ဆိုနေသေးသည်။
မမက ပေါ့ပေါ့ပါးပါးပုံပေါက်နေသည်။

"ရောက်ပြီးထယ်လေး
မမကျောင်းအထိလိုက်မပို့တော့ဘူးနော်"

"ဟုတ် မမ"

တံခါးဖွင့်ပြီး ဆင်းလိုက်တော့ ကျောင်းကြီးက
သူ့ကိုကြိုဆိုနေသည်။
ယူဂျင်ကဒီနေ့ခွင့်ယူထားတယ်ဆိုပြီး
ညကဖုန်းဆက်ထားတာကြောင့်
ဒီနေ့ကျောင်းတွင်ထယ်ယောင်းတစ်ယောက်ထဲသာ။

အတန်းမတက်ချင်တာကြောင့်
သီချင်းခပ်အေးအေးလေးတစ်ပုဒ်အား
ဖွင့်လိုက်ကာ နားကြပ်တပ်လိုက်သည်။
ဦးတည်ရာမဲ့စွာဖြင့်လျှောက်သွားရင်း
ကျောင်းအနောက် ရေကန်သို့ရောက်သွားပြီး
ရေကန်ဘေးခုံတန်းတွင်ဝင်ထိုင်လိုက်သည်။

Loading..Where stories live. Discover now