မယ်တော်ကြီးရဲ့ အစေခံရောက်လာပြီး ကိုယ့်အဆောင်ကိုယ်ပြန်ဖို့ လာပြောသည်အထိ
ရှောင်းကျန့်မျှော်နေသူဟာ ရောက်မလာခဲ့ပါ
ရှောင်းကျန့်ရဲ့ အားရပါရသာ အော်ရယ်ပစ်လိုက်ချင်နေခဲ့တာ
ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်အနေနဲ့လေဘေးနားက ကူတွဲလာတဲ့ လုဖေးအား လက်ပြကာ မလိုကြောင်း တားမြစ်လိုက်သည်
တခြားသူတွေ ဂရုစိုက်ပေးတာ ကျေးဇူးတင်ပေမယ့် မလိုချင်ဘူးလေ
တစ်ယောက်သောဆီကသာ အာရုံစိုက်ခံချင်ခဲ့တာ"ရှောင်းအာ ခေါင်းမမာနဲ့ "
မလှုပ်မယှက်တရွေ့ရွေ့လျှောက်နေတဲ့ ကြင်ယာတော်အား ကြည့်ကာ အားမရစွာပြောလိုက်တာ ဖြစ်သည်
"အရှင့်ကို စိတ်ဆိုးနေတယ်ထားအုံး
ကျန်းမာရေးက အရင်လာရမှာလေ"လုဖေးအပြောကြောင့် ရှောင်းကျန့် အသံထွက်ကာပင်ရယ်ခဲ့လိုက်သည်
သူက ဘုရင်ကြီးကို စိတ်ဆိုးနိုင်မယ့် အနေအထားမျိုးမဟုတ်တာ
သူကိုယ်တိုင်ပဲ သိတာလေ"အပြစ်က အတူတူခံယူခဲ့ကြရတာလေ
ဒါကိုမင်းက အားနည်းတဲ့သူအချင်းချင်း ပြန်ကူမို့လား
ကိုယ့်ကိုယ်သာ ဂရုစိုက်စမ်းပါ"လုဖေးကို ခွန်းတုံ့ပြန်ပြီးသည့်နောက်
အဆောင်ပြန်နားဖို့သာ လုပ်ခဲ့ပေမယ့်
မမျှော်တော့တဲ့အချိန်မှာဘဲ ဘုရင်ကြီးက အချိန်ကိုက် မျက်စိရှေ့ ရောက်လာခဲ့တယ်"ဂါရဝပြုပါတယ် အရှင် "
လုဖေးက လျင်လျင်မြန်မြန်နှုတ်ဆက်လိုက်ပေမယ့် ရှောင်းကျန့်မှာ တုတ်တုတ်မှမလှုပ်
ဘုရင်ကြီးမျက်နှာကို စေ့စေ့ပင် ကြည့်နေလိုက်သေးတာ"တစ်ခုခုဆို စဥ်းစားပြီးမှ လုပ်ပါ
ကိုယ့်ကိုယ်ရော အခြားသူတွေကို နာမည်ပျက်စေတာမျိုး မဖြစ်စေနဲ့ "အခုလိုအခြေအနေမျိုးမှာတောင် သူ့ကြင်ယာ နာမည်ကျမှာကိုပဲ စိတ်ပူနေတဲ့ ဘုရင်ကြီးအား
ရှောင်းကျန့်နည်းနည်းတော့ အမြင်မကြည်ချင်တော့
တစ်ညလုံးဒူးထောက်ခဲ့ရတဲ့ သူ့ကို သေးသေးလေးပင် စိတ်ဝင်စားခြင်းမျိုးမရှိ
YOU ARE READING
Oh My Crush, Emperor Wang [Complete]
Fanfiction2023မှာ လာစုံစမ်းကြည့်လိုက်အုံး ရှောင်းကျန်ဆိုတာ ပုရိသတိုင်း နှုတ်ခမ်းနီမလေးတိုင်းရဲ့ အချစ်တော်လေးပါ နည်းနည်းလေးတောင် စောင်းငဲ့ကြည့်မလာတာတော့ မလွန်လွန်းဘူးလား ဝမ်ဧကရာဇ်ကြီးရာ