"လျိုမိဖုရားမှာ ကိုယ်ဝန် ရှိနေတယ် ကျန့် "
အရှင့်ထံမှာ ကြားရသော စကားလုံးတွေက
ရှောင်းကျန့်ကို ဝမ်းနည်းအားငယ်စေဖို့လုံလောက်တာကြောင့်
ကျန့်ရဲ့ မျက်နှာလေးက ချက်ချင်းညှိုးငယ်နွမ်းလျသွားသည်"အဲ့ကိစ္စကြောင့် လျှိုမိဖုရားနန်းဆောင်ရောက်သွားရတာပါ
အိပ်ဆောင်ဝင်တာမျိုး မဟုတ်ပါဘူးကျန့် "ထပ်ဆင့််ပြောပြလာသည်က ရှင်းပြနေတာမျိုးဖြစ်ပေမယ့် ရှောင်းကျန့်နားမလည်ခဲ့ပေ
"ကျွန်တော်လိုက်မမီတော့ဘူး အရှင်
ဘာအဓိပ္ပါယ်လဲ
အရှင့်ရင်သွေးလေးရဲ့ မိခင်တောင်ဖြစ်နေပြီပဲ~
အိပ်ဆောင်ဝင်ခြင်း မဝင်ခြင်းက~ အရေးပါသေးလို့လား~ ~"အဖျားခတ်တုန်ယင်ချင်နေတဲ့ စကားလုံးတွေက ရှောင်းကျန့်ကိုသာမက
ဝမ်ရိပေါ်ကိုပါ စိတ်မကောင်းဖြစ်စေတာ
ဒီလိုအတွေးများတဲ့ ကောင်လေးမို့လဲ
လျှိုမိဖုရား ကိုယ်ဝန်အကြောင်း တခြားလူဆီက မကြားစေပဲ
သူကိုယ်တိုင်ပြောပြချင်တာ"လျှိုမိဖုရားအပါအဝင် ဘယ်သူမိန်းကလေးနဲ့မှ အိပ်ဆောင်မဝင်ဖူးပါဘူး ကျန့်ရဲ့
အခု လျှိုမိဖုရားရဲ့ ကိုယ်ဝန်ကလည်း
ကိုယ့်ရင်သွေး မဟုတ်ရပါဘူး "ထိုအခါမှ မျက်ဝန်းလေးတွေ အရောင်တောက်လာကာ
မျှော်လင့်တကြီး ကြည့်လာတော့သည်အမှန်တကယ်မှာလည်း ယခင်နေ့ ညနေစောင်းပိုင်းမှာ လျှိုမိဖုရားရဲ့ ကျန်းမာရေးကို ကြည့်ရှုစောင့်ရှောက်ပေးရတဲ့ တော်ဝင်သမားတော်က သူ့ဆီရောက်လာ
မဂ်လာသတင်းဆိုပြီး ေလျှာက်ခဲ့ခြင်းပင်ဒါကြောင့် သူကလည်း အမှန်တရားကိုသိရရန် လျှိုမိဖုရားအိပ်ဆောင်သို့ သွားခဲ့ခြင်း
ကြိတ်ပြီးဖြေရှင်းရမယ့်ကိစ္စပေမို့ နန်းတွင်းအပျိုတော်များက သို့လောသို့လော သတင်းမျာထွက်လာခဲ့တာ ဖြစ်သည်
"ဟုတ်ရဲ့လားအရှင် မိဖုရားအနေနဲ့ အရှင်ကလွဲပြီး ဘယ်ယောက်ျားသားနဲ့မှ ပတ်သက်ခွင့်မရဘူးလေ "
"ဒီအကြောင်းစုံစမ်းပြီးပါပြီကျန့်ရဲ့
တရားခံက အနီးမှာပဲ ရှိနေခဲ့တာလေ
မိဖုရားရဲ့ ဘေးမှာ ကီကီဆိုတဲ့ အပျိုတော်လေးတစ်ယောက်ရှိတယ်မလား
အမှန်တော့ မိန်းကလေး အသွင်ယူထားတာတဲ့ ယောက်ျားလေးတဲ့
လျှိုမိဖုရားနဲ့ ငယ်ချစ်တွေမို့
ဟန်ဆောင်ပြီး အနားမှာနေနေရတာတဲ့ ကျန့်ရဲ့ "
YOU ARE READING
Oh My Crush, Emperor Wang [Complete]
Fanfiction2023မှာ လာစုံစမ်းကြည့်လိုက်အုံး ရှောင်းကျန်ဆိုတာ ပုရိသတိုင်း နှုတ်ခမ်းနီမလေးတိုင်းရဲ့ အချစ်တော်လေးပါ နည်းနည်းလေးတောင် စောင်းငဲ့ကြည့်မလာတာတော့ မလွန်လွန်းဘူးလား ဝမ်ဧကရာဇ်ကြီးရာ