13

6.2K 348 15
                                    


ထူးခြားတစ်ယောက် ဒီရက်ပိုင်း သူ့အိမ်သူလေးရဲ့သတင်းကိုကြားပါတယ် ဟင်းချက်လက်ရာကောင်းလွန်းလှတဲ့ ထူးခြားရဲ့ကြင်သူလေးကြောင့် ထူးခြားမှာ ဘယ်နေရာသွားသွား မျက်နှာပန်းကိုပွင့်လို့ 'ထူးခြားမိန်းမဆီက ဝယ်တဲ့ ငါးအသားခြောက်ကြော်လေ စားလို့ကောင်းလိုက်တာ အိမ်က မိန်းမလက်ရာနဲ့ကွာပါ့' 'ထူးခြား မိန်းမဆီက ဘယ်ဟင်းက ဘယ်လိုအစပ်အဟက်တည့်တာ အနံ့နဲ့တင်သရေယိုတယ်' စသဖြင့် ​ ေရွှပုံကိုချီးကျုးစကားတွေအားလုံး ထူးခြားဆီပြန်ရောက်သည်။

ဒါကိုဟိုလူလည်ပန်ကာလေးက မသိပေ။ ကိုယ့်မိန်းမဘာလုပ်တယ်ဆိုတာအစမသိရအောင် ထူးခြားအဲ့လောက်ထိ နုံအမနေပေ။ အိမ်မှာဟင်းခိုရောင်းနေတာကိုပါထူးခြားသိလေသည်။ သူစိတ်ကျေနပ်ရင်ပြီးရောဆိုပြီ မသိသလိုနေပေးထားတာ လူကိုသူ့ရဲ့ လက်မလောက်ရှိတဲ့ဉာဏ်နဲ့ လာပတ်နေသေးတယ်။

ကိုယ်ကအစကတည်းကအရက်သောက်လာတာမို့ ညဘက်တွေဆိုရင် ထူးခြားအရက်ဆိုင်သွားတတ်သည်။ အရက်သောက်ပြီးတာနဲ့ ထူးခြားရဲ့ရင်ထဲက တိတ်တခိုးပေးထားတဲ့ ​ေရွှပုံရဲ့နာမည်ကို ' အသက်' လို့ခေါ်ကာ လက်မောင်းပေါ်အိပ်စေကာရင်ခွင်ထဲထည့်ကာဖတ်ပြီးအိပ်သည်။ ထူးခြားအမှန်အတိုင်းပြောရရင် ရွှေပုံကိုချစ်မိနေတာမို့ အရက်မူးလာရင် ရင်ထဲကခံစားချက်ကပေါ်ပေါ်လာတတ်သည်။

ထူးခြားတွေးနေရင်း ရင်ခွင်ထဲကတရှုံ့ရှုံ့သံနဲ့ လက်မောင်းက စိုစိစိအရည်တွေကြောင့် ရွှေပုံငိုနေပြီဆိုတာသိလိုက်သည်။ ထူးခြားလည်း ရွှေပုံကို သူ့ဘက်ကိုအမြန်ဆွဲလှည့်လိုက်တော့ မျက်လုံးမှာမျက်ရည်တွေနဲ့ ထူးခြားကိုအံ့သြော်တကြီးကြည့်လာလေသည်။ ကြည့်ရတာ ထူးခြားအိပ်နေပြီဆိုပြီးငိုနေတာထင်တယ် အခုလက်ပူးလက်ကြပ်မိတော့ အံ့သြော်သွားတာထင်တယ်။

" အသက်....ဘာဖြစ်လို့လဲ......ကိုယ့်ကိုပြော....ကိုယ်အရက်သောက်လို့လား ဟင်"

အကို့စကားကြောင့် ရွှေပုံခေါင်းခါပြလိုက်သည်။

"ဒါဆို...ကိုယ် အသက်ကိုဖက်အိပ်လို့လား....အသက်ပြော အသက်မကြိုက်တာ ဘာရှိလဲ ကိုယ်ပြင်မှာပါ အသက်ရဲ့ ကိုယ့်ကိုပြော"

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now