15

5.7K 314 10
                                    

" ဟ...ကိုမျိုးအောင် ကြည့်လှကြည်လား "

လတင်ကျွတ်လဆုတ်တရက်နေ့မှာ ဘုံကထိန်လုပ်မှာမို့လို့ မုန်းဟင်းခါးကျွေးရန် ထူးခြားတို့ဆယ်အိမ်တစ်စုက မဲကျလေသည်။ ထိုဆယ်အိမ်တစ်စုမှာ ကြာညိုအိမ်၊ နှင်းကြည်အိမ် နဲ့သူကြီးဦးဘငွေတို့အိမ်ကြလေသည်။

မုန့်ဟင်းရည်ချက်ရန် ငါးဓလွယ်နဲ့ ငါးသလောက်တွေကို ကိုင်ကာရေဆေးနေတဲ့ ရွှေပုံတို့အဖွဲ့က နှင်းကြည်ကို ကိုမျိုးအောင် ခဏခဏကြည့်နေတာ ထူးခြားရိတ်မိသည်။ ဒါကြောင့် ကိုမျိုးအောင်နားကိုကတ်ကာပြောလိုက်တော့ ကိုမျိုးအောင်တစ်ယောက်ထူးခြားကိုရယ်ပြကာ လည်ပင်းတွေကိုအကြောင်းမဲ့ပွတ်နေတော့သည်။

".......ဟီးဟီး....ထူးခြားကလည်း"

" ကိုမျိုးအောင် ခင်များ....နှင်းကြည်ကို သဘောကျလို့လား"

ထူးခြားစကားကို ခေါင်းညိတ်ပြလေသည်။

"ဒါများ ကိုမျိုးအောင်ရယ် ဖွင့်ပြောလိုက်ပေါ့"

" နှင်းကြည် ငါ့ကိုလက်မခံမှာစိုးလို့ကွ"

"အော်....ကိုမျိုးအောင် စစ်မရောက်ခင်မြှားကုန်နေလို့ဘယ်ရမလဲ ကိုမျိုးအောင်ရင်ထဲက စကားတွေကိုနှင်းကြည်ကိုပြောမှ နှင်းကြည်ရင်ထဲ ခင်များကိုဘယ်လိုသဘောထားလဲသိမှာပေါ့"

"ဟုတ်တယ်..... ထူးခြား မင်းပြောသလိုငါလုပ်ကြည့်မယ် "

ထူးခြားရဲ့မြှောက်ပင့်စကားကြောင့် မျိုးအောင်မှာ နှင်းကြည်တို့ လုံမပျိုတွေရှိရာဘက်သို့ထွက်သွားတော့သည်။ ခဏကြာတော့ မျိုးအောင်တစ်ယောက်ပြုံးဖီးနေတဲ့မျက်နှာနဲ့အတူ ထူးခြားတို့ ကျိုမုန့်ကျိုနေတဲ့အိုးတွေကို ယောက်မနဲ့ဝင်မွှေထိုးနေတော့သည်။

" ကိုမျိုးအောင်ကိုကြည့်ရတာအခြေအနေကောင်းလာပုံပဲ"

"အဟီး....အဲ့လိုလဲမဟုတ်ပါဘူးကွာ...နှင်းကြည်က ငါ့ကိုစဥ်းစားပေးမယ်တဲ့ ဟီးဟီး"

ထူးခြား ရွှေပုံတို့ဝိုင်းထဲက နှင်းကြည်ကိုလှမ်းကြည့်လိုက်တော့ မျက်နှာတွေ နားရွက်တွေနီရဲနေလေသည်။ အင်းကြည့်ရတာ နှင်းကြည်လည်း မျိုးအောင်ကိုစိတ်ဝင်စားနေတဲ့ပုံပဲ ကိုမျိုးအောင်အတွက်အခြေအနေတော့ကောင်းမှာပါလေ။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now