5. sweet but bitter chocolate

399 63 0
                                    

မနက်ကျောင်းရောက်တော့ gyuvinရဲ့ စားပွဲ​ပေါ်မှာရောက်နေတဲ့ mango bread တွေ့တယ်

gyuvin တစ်ချက်ပြုံးလိုက်ပြီးတော့ ricky နားသွားလိုက်တယ်

စောစောစီးစီး စာကြည့်နေတာဖြစ်တဲ့ ကောင်လေးရဲ့ စားပွဲနားကိုသွားပြီး "mango bread ကမင်းဝယ်ထားတာလား"

"အင်း" ခေါင်းမမော့ကြည့်ဘဲဖြေလိုက်သည်

"ငါက ဘာလို့နေ့တိုင်း ဒါဘဲ စားနေရမှာလဲ ၊ ဒီနေ့ချောကလတ်စားချင်တယ် ဝယ်ပေး"

"ခဏနေ အတန်းတက်တော့မှာလေ" စာအုပ်ကြည့်နေတာကနေ ခေါင်းမေ့ာ၍ gyuvinကိုကြည့်သည်။

"ပြေးသွားပေါ့" ပြောင်ဆက်ဆက်လုပ်၍ ပြန်​ဖြေလိုက်သည်

ပြောပြီးတော့ သူ့ကို ကြည့်တဲ့ မျက်ဝန်း တစ်စုံ... အဲ့ကနေ ဖော်ပြနေတဲ့ စိတ်ပျက်မှု ...တစ်စက္ကန့်တောင်မကြာပေမယ့် gyuvinမြင်လိုက်တယ် ။

သက်ပြင်းချပြီး ချက်ချင်း နေရာက ထကာ မုန့်ဆိုင်ကိုပြေးသွားတဲ့ shen ricky ၊

မပြေးသွားခင်gyuvin ကို ကြည့်သွားတဲ့ မျက်လုံးတွေထဲက စိတ်ပျက်မှု.. စက္ကန့်တစ်စက္ကန့်ရဲ့ အစိတ်အပိုင်းတစ်ခုမျှသာ ကြာခဲ့ပေမယ့် မြင်ခဲ့တဲ့ kim gyuvin

ရင်ထဲကနေလို့မကောင်းခဲ့ဘူး

"ဝေါင်း kim gyuvinမင်းတစ်ကယ့်ကောင်ဘဲ shen rickyကိုတောင် ခိုင်းစားနိုင်တယ်"

"kim gyuvinမင်း သူဠေးသားလေးကို ဘယ်လိုလုပ်ပြီး အနိုင်ကျင့်လို့ရနေတာလဲ အကွက်တွေပြောပါအုံး"

gyuvin စိတ်ထဲကပြောချင်ခဲ့ပါတယ် ' ငါစိတ်ရှုပ်နေတယ် တိတ်တိတ်နေစမ်း'
ဒါပေမယ့် တကယ်လက်တွေ့ကတော့ ရီပြီး "ပြောပြစရာလား မင်းတို့ခိုးသွားမှာပေါ့"
ရင်ထဲက နေရခက်တဲ့ ခံစားချက်ကြီးကို နောက်ပို့ပြီး
လက်တွေ့မှာ ရယ်မောစရာ တစ်ခုအဖြစ်ကျော်သွားဖို့လုပ်ခဲ့တယ်

"shen ricky မပင်ပန်းဘူးလားမသိဘူး စာတွေလည်း အများကြီးလုပ်ရပြီးတော့ gyuvinခိုင်းတာတွေလည်းလုပ်ရသေးတယ်"

ငါတကယ် အဲ့လောက်တောင်ဆိုးနေတာလားဆိုတဲ့ မေးခွန်း ... မသိစိတ်ရဲ့ အောက်ခြေကနေ  ဖျတ်ကနဲ ဖြတ်သွားပေ့မယ်  ဒီတိုင်း အချင်းချင်း စနောက်နေတာပါဆိုတဲ့ ခံယူချက်တွေက ဖုံးကွယ်ထားတယ်

BlackmailWhere stories live. Discover now