3.mango bread

385 59 0
                                    

ကျောင်းနားချိန်မှာ ခုန်ပေါ်မှာ မှောက်အိပ်နေတဲ့ gyuvin ရဲ့ စားပွဲပေါ်ကို စတော်ဘယ်ရီ ပေါင်မုန့်လာပေးတာ သိလိုက်တယ်

အိပ်နေတာကနေ မော့ကြည့်လိုက်တော့ shen ricky ပြုံးပြနေတာ တွေ့တယ်

"ဘာလဲဟ ကျောချမ်းလိုက်တာ " gyuvin ပြောလိုက်ပြီးတော့ မုန့်ကို ကိုင်ကြည့်လိုက်တယ်

"ဒီတိုင်းဘဲ မင်းstrawberry bread ကြိုက်တယ်မလား" ricky ပြန်ဖြေတယ် ပြုံးနေတာကျတော့ ပြုံးနေတုန်းဘဲ

"အဲ့ ပြုံးနေတာကြီးကို ရပ်ပါလား ၊
လုပ်ပြုံးနေတာ သိသာလိုက်တာ"ပြောပြီးတော့ gyuvin ပြန်မှောက်အိပ်နေလိုက်တယ်

rickyလည်း ပြုံးတာကနေ ရပ်ပြီး အိပ်နေတဲ့gyuvin ဘက်လှည့် ပြီး မဲ့ပြပေမယ့် မမြင်ဖို့တော့ ဆုတောင်းရတာဘဲ
ပြီးတော့ သူ့နေရာသူပြန်ဖို့သွားတဲ့အချိန်မှာ rickyရဲ့လက်ကို gyuvinလမ်းဆွဲလိုက်တယ်

မတ်တပ်ရပ်နေတဲ့ rickyရဲ့လက်ထဲကိုစတော်ဘယ်ရီ ပေါင်မုန့် ထည့်ပေးပြီးတော့ " ငါအခုဒါထက် mango bread ပိုကြိုက်တယ်"

'မအေးဘေးလေ ကိုယ့်ဟာကိုယ်သွားဝယ်ပါလား'လို့ပြောချင်ပေမယ့်rickyမပြောလိုက်ပါဘူး
"အင်းနောက်နေ့ ဝယ်ပေးမယ်နော်၊ အကြိုက်ကပြောင်းလွယ်တယ်နော်"

'ဘာလဲ shen ricky ငါ့ကို ကြိုက်နေတာလား'
gyuvin ငချဉ်ပြုံးပြီးတော့
ricky ကိုပြောတယ် "အခု ဝယ်ပေးလေ ၊ သူငယ်ချင်းတွေဘဲဆို"

သည်းခံနိုင်စွမ်း ကျဆုံးပြီ

"အား မင်းခြေထောက်တွေကကျ်ုးနေလို့လား ၊ ငါမင်းအရင်က ကြိုက်လွန်းလို့ဆိုပြီ ငါ့နားလာလုလို့ ငါဝယ်လာပေးတာလေ ၊ အကိုhanbinရဲ့ မုန့်တွေကျတော့ ယူစားပြီး အခုကျွေးရင်တော့ မစားဘူး မင်း ဆိုက်ကိုမဟုတ်ဘူးလား"

————————————
"kim gyuvin ရော့ သရက်သီးပေါင်မုန့်"

"ခုနကဘဲ ငါ့ကို ပြောဆိုပြီး ထွက်သွားတာ ဒါသွားဝယ်တာလား ? ချစ်ဖို့ကောင်းတာဘဲ"
သရက်သီး ပေါင်မုန့်ကို gyuvinဖောက်ပြီး တစ်ကိုက်ကိုက်လိုက်လေသည်

"အင်း"

ဘာဖြစ်ခဲ့လဲဆိုတော့ လွန်ခဲ့သော ၁၀ မိနစ်က

BlackmailWhere stories live. Discover now