3

1K 53 2
                                    

"ရှင်းသန့် နင်သွားတာလာတာသတိထားနော် ဒီရက်ပိုင်း stalker လိုက်ခံရတယ်ဆိုတဲ့သတင်းတွေပြန့်နေတာ ငါတို့ကယောကျာ်းလေးဘာမှမဖြစ်ဘူး..."

သူငယ်ချင်းလေးယောက်သား ကန်တင်းမှာ နေ့လည်စာစားနေကြရင်း လင်းထွန်းကStalker အကြောင်းကို ဆိုင်းမဆင့်ဘုံမဆင့်ထပြောလေ၏။

"အေးဟုတ်တယ် သတိထား ဟိုနေ့ကငါလည်း သတင်းတွေ့လိုက်တယ် stalk လုပ်ပြီး ကောင်မလေးတစ်ယောက်ရဲ့ အိမ်ထဲထိဝင်လာတာတဲ့ "

စွမ်းကပါ ဝင်ထောက်ခံလေ၏။ လတ်တလော ထိုသို့ကိစ္စတွေ အဖြစ်များလာသည်။ နောက်ပိုင်း ကျောင်းသူကျောင်းသားတွေအတွက်လည်း အန္တရာယ် ပိုရှိလာနိုင်လေသည်။

"ဘယ်လိုလူတွေမို့ အဲ့လိုသူများနောက်လိုက်တာလဲမသိဘူးနော် "

ရတုမောင် ထိုသို့ထပြောလိုက်တာကြောင့် သုံးယောက်လုံးက သူ့ကိုတစ်ချိန်တည်း အတူတူပြန်ကြည့်လာလေ၏။

"ဆိုက်ကို‌တွေပေါ့ .....အေး ရတုမောင်နင်လည်း သတိထား...ကောင်မလေးတွေလိုက်ခံရမယ်...ဟားဟားဟား"

စသလိုလိုနောက်သလိုလိုနဲ့ ရှင်းသန့်ပြောလာတော့ ရတုမောင် အတွေးတစ်ခုဝင်သွားလေတော့သည်။

fresher ဆိုသည့်အတိုင်း ရတုမောင်က ကျောင်းတွင်popularဖြစ်သည်။ သူ့ကိုလိုက်နေတဲ့မိန်းကလေးများစွာလည်းရှိသည်။ သို့ပေမယ့် သူပြန်မကြိုက်။ တခါတလေ ယောကျာ်းလေးများထဲမှ သူ့ကိုပိုးတဲ့သူတွေလည်းရှိသေး၏။

ရတုမောင်ပုံစံကလေးက မိန်းကလေးရော ယောက်ျားလေးပါ ကြိုက်ချင်စရာအတိဖြစ်နေသည်။ င်္အကျီအဖြူနဲ့ ပုဆိုးလေးများဝတ်ထားရင် သူဘယ်နာရာသွားသွား မျက်စိကျွတ်မတတ်အကြည့်ခံရသည်။ ရုပ်ခံလေးကချောတဲ့အပြင် အကြည်ဓာတ်လေးပါပါပြီး အတော်လေးသန့်သည်။ မျက်ခုံးကောင်းကောင်းနှင့် နှာတံချွန်ချွန်ကပင် ပို၍ဆွဲ​ဆောင်မှုမြင့်သွား‌စေ၏။ ဝင်းဝါသောအသားရေကတော့ သူ့အတွက် တစ်မျိုးကြည့်ကောင်း‌နေစေပြန်သည်။ Emajor first year kingလည်း ဖြစ်သည့်အလျောက် လူသိများသည်။ ရတုမောင်ကိုယ်တိုင်ကပင် အေးအေးဆေဆေးသူငယ်ချင်းတွေနှင့်အတူတူနေတတ်သူမို့ သူတော်ရုံဆို တခြားအပေါင်းဖော်များလည်းမထားတတ်။

ရူးWhere stories live. Discover now