20

679 40 1
                                    

ကျောင်းဟောခန်းမကျယ်ထဲ ဝင်လိုက်သည်နှင့် "မောင်မယ်သစ်လွင်ကြိုဆိုပွဲ" ဆိုင်းဘုတ်ကို အထင်းသားမြင်ရလေသည်။

ကျောင်းသားကျောင်းသူ အချို့ ဟောခန်းထဲ နေရာယူထားပြီးဖြစ်ကာ  ဆရာ၊ဆရာမတစ်ချို့ကလည်း အသီးသီး အလုပ်ရှုပ်နေကျသည်။

မေဂျာအလိုက် စတုဒီတာ မုန့်မျိုးစုံနှင့် အအေးမျိုးစုံ တိုက်ကျွေးကြသည်။ အခမ်းအနားမစသေးတာကြောင့်  တချို့ကျောင်းသားများက စတုဒီတာအတွက်ပြင်ဆင်နေကြ၏။

ဆရာဆရာမများက နေရာထိုင်ခင်းများ စီစဉ်နေကြပြီး ပွဲအခမ်းအနားအတွက် announcement လုပ်ပေးမယ့် ကျောင်းသူတချို့ဟာလည်း ပွဲမစမီ ပြင်ဆင်နေကြသည်။

ရတုကတော့ E major First year Kingရွေးချယ်ခံရသူမို့ ပွဲမစခင်ကတည်းက ဖြီးလိမ်းပြင်ဆင်ထားရသည်။ မေဂျာအလိုက်The Whole King ရွေးချယ်မှာမို့ ဒီနေ့တော့ ရတုအရင်ကနှင့်မတူ အတော်လေး ပြင်ဆင်ထားရသည်။

ပွဲမစခင် ဆရာဆရာမများ နားနေဆောင်မှာပဲ ရတုနဲ့ Emajor Queenဖြစ်သူတို့ ပွဲစဉ်အကြာင်းတိုင်ပင်နေရသည်။

ရတုကတော့ ပြင်ဆင်ပြီးသည်မို့နားနေ‌ေဆာင်မှာပဲ ခဏထိုင်နေသည်။

ထိုင်နေရင်း လွန်ခဲ့တဲ့ တစ်ပတ်ကအကြောင်းကို‌ေတွးမိတော့ ရတု သက်ပြင်းတစ်ချက်ချမိသွား၏။

ထိုနေ့က အကိုက အခြားသူတစ်ယောက်လိုပုံစံ ဖြစ်သွားသလို။ အကိုမဟုတ်သည့်အတိုင်းပင်။ ရတုထိုအကြောင်းကိုပြန်စဉ်းစားမိတိုင်း အကို့ကို အနည်းငယ်တော့ ကြောက်ရွံ့စိတ်ဖြစ်မိသည်။ အကို့မျက်လုံးများကအစ အရင်ကနှင့် လားလားမျှမတူ လုံးဝကွဲပြားသွားသည်။

ထိုနေ့တည်းက ရတုအကို့ကိုစကားပြန်မပြောဖြစ်တော့။ အကိုက ဆက်သွယ်လာပေမယ့်လည်း ရတု အကို့ကို အဆက်အသွယ်ဖြတ်ထားမိသည်။

သို့ပေမယ့် အကို့ကိုတော့မျှော်နေမိသည်။ အကိုက အခုထိ ရတုကိုလာမတွေ့ချေ။ ဒီကြားထဲ ဖုန်းကနေတစ်ဆင့် တောင်းပန်စကားဆိုပေမယ့်လည်း ရတုဆီရောက်မလာခဲ့။

ဖုန်း messageကိုရတု စစ်ကြည့်တော့ အကို့ဆီကထပ်‌ပို့ထားတဲ့စာကိုမ‌တွေ့။ Fresher welcomeနေ့ အကိုလာမယ်လို့ပင်ပြောထားတာကြောင့် လူကစိတ်ဆိုးနေပေမယ့်လည်း‌ေမျှာ်နေမိသည်။

ရူးTempat cerita menjadi hidup. Temukan sekarang