Part 7

5.8K 301 27
                                    

ထိုအမခေါ်တဲ့ ကော်ဖီဆိုင်က တကယ့်ကိုအဆင့်မြင့်ပြီးဈေးကြီးတဲ့ပုံပဲ။နေသစ်ကခုလိုဆိုင်‌တွေကိုအမြဲခေါ်ပေမယ့် အမြဲသူပဲရှင်းနေရတာမို့ ဈေးကြီးတဲ့ဆိုင်တွေကို အကြောင်းရင်းမရှိပဲ မသွားကြဘူးဟု ကတိထားရှိထားကြသည်။
"ထိုင်လေမောင်လေး "
"ဟုတ်ကဲ့အမ.."

"ဘာများသုံးဆောင်မလဲရှင့်"

"မောင်လေးဘာမှာချင်လဲ..."
"အာ...ရပါတယ် အမအဆင်ပြေတာသာမှာလိုက်ပါ..."
"Ok ပါ အမတို့ကို latte နှစ်ခွက်ပဲပေးပါ။ မုန့်မှာဦးမလား"
"မယူတော့ဘူး အမ"
"အာ့ဆို အဲ့ဒါပဲယူတော့မယ်နော်"
waitress အမထွက်သွားတာနဲ့
"ကဲ အမတို့အလုပ်ကြောင်းပြောရမယ်ဆိုရင် အမတို့ကဖျော်ဖြေသူလို့ပြောရမှာပေါ့"
"ခင်ဗျာ..."
"ဟုတ်တယ် အမတို့က ပျော်ရွှင်မှုလိုအပ်နေတဲ့သူတွေကို ခဏတာပျော်ရွှင်မှုရအောင်ဖျော်ဖြေပေးရတာ"
"ဘာဖျော်ဖြေတာလဲ အမ စင်မြင့်တွေမှာဖျော်ဖြေရမှာလား "
"ဟွန်း ...မောင်လေးရယ် အဲ့လောက်ရိုးရှင်းမလား မောင်လေးနားလည်အောင်ပြောရမယ်ဆိုရင်တော့ အမတို့ကခန္ဓာကိုယ်သုံးပြီးဖျော်ဖြေရတာ ဒါပေမယ့်အမတို့ကကြေးကြီးတယ် ထိပ်တန်းသူဌေးတွေပဲသုံးနိုင်တဲ့ အသုံးတော်ခံ"
"အမ ခုဆိုလိုချင်တာက"
"အမတို့က ကြေးမြင့်တဲ့ပြည့်တန်ဆာတွေပဲ။"
ကျွန်တော်အံ့ဩမိသွားတယ်။ကျွန်တော်တကယ်မထင်ခဲ့မိတာ။ဒေါသလည်းထွက်မိတယ်။
"ဒုန်းးးးးကျွန်တော်မလုပ်နိုင်ဘူး အမ"
ဒေါသကြောင့်ကျွန်တော်လည်း ခုံကိုထုပြီး ထလိုက်မိတယ်။လူတိုင်းရဲ့မျက်လုံးတွေကကျွန်တော်တို့ ဝိုင်းဆီရောက်လာကြတယ်။
အမကတော့တည်ငြိမ်နေပုံနဲ့
"စိတ်လျှော့ပြီးထိုင်ပါဦး  လူတွေကြည့်နေကြပြီနော်"
သူပြောတော့မှဆိုင်ထဲကလူတွေ ကျွန်တော်တို့ကိုအကုန်ဝိုင်းကြည့်နေတာသတိထားမိတာကြောင့် ကျွန်တော်လည်း စိတ်‌လျှော့ပြီးပြန်ထိုင်လိုက်တယ်။
"ကျွန်တော်မလုပ်နိုင်ဘူး ကျွန်တော့်သူငယ်ချင်းဆီကကျွန်တော် ချေးလို့ရတယ် ကျွန်တော် ဘယ်ကစပြောရမှန်းမသိလို့"
"ချေးတယ် မောင်လေးကငယ်ပါသေးတယ် သူငယ်ချင်းဆိုတာ လိုနေရင်တော့ ကောင်း‌တာပေါ့ မလိုတော့ရင် နောက်ကြောင်းပြန်ဖော်တက်တယ်နော်"
"နေသစ်ကအဲ့လိုမဟုတ်ဘူး"
"ဟက် ခုတော့ဘယ်ဟုတ်မလဲ မတော်လို့နှစ်ယောက်ကြားပြဿနာဖြစ်လို့ ပြန်တောင်းရင်မောင်လေးပြန်ပေးနိုင်လား ဟမ်"
"ကျွန်တော်...ကျွန်တော်မလုပ်ဘူး အဲ့လိုအောက်တန်းကျတဲ့အလုပ်မျိုးမလုပ်ဘူး"
"မောင်လေးမလုပ်ချင်လဲ ရပါတယ် အမအတင်းမပြောဘူး ဒါပေမယ့် ဒီကဒ်ကိုတော့ယူဖြစ်အောင်ယူသွား လုပ်မယ်ဆိုရင် အမကိုဖုန်းဆက်လိုက်"
ကျွန်တော်လည်း အဲ့ကဒ်ကိုကောက်ယူပြီးအဲ့ကချက်ချင်းလှည့်ထွက်ဖို့လုပ်လိုက်တယ်။
အဲ့အချိန်
"မောင်လေး! မောင်လေးမပြန်ခင် အမတစ်‌ခုလောက်ပြောချင်လို့ မောင်လေးပြောသလို အမတို့ရဲ့ အလုပ်ကအောက်တန်းကျချင်ကျလိမ့်မယ်။ဒါပေမယ့် အဲ့ကရတဲ့ငွေတွေနဲ့ပဲ အမမိသားစုကိုထောက်ပံ့နိုင်ခဲ့တာ။အမရဲ့မောင်လေး၊ညီမလေးတွေကိုအဲ့တာနဲ့ကျွေးမွေးခဲ့တာ အဲ့အတွက် အမတော့ နောင်တမရဘူး"
ကျွန်တော်ပြောတာလွန်သွားလားတော့မသိဘူး ဒါပေမယ့်ကျွန်တော်အဲ့အမစကားပြီးတာနဲ့တန်းပြန်လာခဲ့လိုက်တယ်။
_________________________

LOVE POISON { Season 1 }Where stories live. Discover now