Part 51

4.5K 205 202
                                    

"ကိုမိုက်ကယ် ဘာလုပ်နေတာလဲ။..."

"ကျွန်တော် သခင်ကြီးကို နှိပ်ပေးဖို့အတွက် ပြင်ဆင်နေတာပါ။"

"ဒယ်ဒီ့ကို နှိပ်ပေးရမယ့်သူ သပ်သပ်ရှိတယ်မလား။"

"ဟုတ်ပါတယ်။ ဒါပေမယ့် သခင်ကြီးက ကျွန်တော်နှိပ်ပေးတာကို ပိုသဘောကျလို့ပါ။ ခွင့်ပြုပါဦး။"

ကိုမိုက်ကယ်က ဒယ်ဒီ့အပေါ်ကို သံယောဇဉ်ကြီးလွန်းတယ်။ သူ့ရဲ့ အပြုအမူအချို့က လိုတာထက်ပိုလွန်းနေသလိုပဲ။
-
-
-

"မိုက်ကယ်!"

"ဟုတ်ကဲ့ သခင်ကြီး"

"ငါ့ကို လူတစ်ယောက်ခေါ်ပေး..."

"ဘယ်သူ့ကိုခေါ်ရမှာလဲ သခင်ကြီး..."

မိုက်ကယ် သခင်ကြီးကို နှိပ်ပေးနေတုန်း သခင်ကြီးက သူ့ကို လူတစ်ယောက်ခေါ်ခိုင်းတာကြောင့် သူလည်း ဇဝေဇဝါဖြစ်သွားတယ်။

"omega တစ်ယောက်ခေါ်ပေး။ သန့်သန့်လေးနော်။ ငါ Rut ဝင်ချင်နေပြီထင်တယ်။"

"သခင်ကြီး...."

"ကျစ်! မြန်မြန်သွားခေါ်လေ။"

"ကျွန်တော်...သခင်ကြီး..."

"ငါမင်းကိုလူခေါ်ခိုင်းနေတယ်မလား။"

"ကျွန်တော့်ခန္ဓာကိုယ်ကို ယူလိုက်လို့ရမလား။"

"ဘာ!"

"ကျွန်တော် သခင်ကြီး အခြားတစ်ယောက်နဲ့ရှိနေတိုင်း နာကျင်ရတယ်။ ကျေးဇူးပြုပြီ..."

"မိုက်ကယ်...မဖြစ်နိုင်တဲ့အရာကို တွေးမနေနဲ့။ ခု Omega တစ်ယောက်ခေါ်လိုက်။"

"ဒါပေမယ့်..."

"မင်းအဲ့လောက်တောင် အပေါစားဆန်မှန်း ငါမသိခဲ့ဘူး။ မင်းမခေါ်ချင်ရင်ထွက်သွား။ အခြားတစ်ယောက်ကို ခေါ်ခိုင်းလိုက်မယ်။  ကိုယ့်ကိုယ်ကို Alpha ဆိုတာမမေ့နဲ့ အရှက်ရှိဦး ။ပြီးတော့မှာထားဦးမယ်။ ကိုယ့်အဆင့်နဲ့ကိုယ်သိ။"

"တောင်းပန်ပါတယ် သခင်ကြီး။ ကျွန်တော် ခုပဲ ခေါ်ပေးပါ့မယ်။"

ပြောလိုက်တာနဲ့ မျက်နှာငယ်လေးနဲ့ ထွက်သွားတဲ့ ကောင်ကြောင့်စိတ်ရှုပ်ရတယ်။ ဒီကောင် ငါ့ကိုများကြိုက်နေတာလား။
အာရုံလာစားနေတာပဲ။

LOVE POISON { Season 1 }Where stories live. Discover now