အပိုင်း(၂)

5.3K 263 2
                                    

Unicode

"ဦးလေးပါလား...ကိစ္စရှိလို့လားရှင့်"

သခင်ကလင်းဖေဖေကိုမော့ကြည့်ရင်းဆိုလာ၏။

"သမီးလွန်းရေ..ဦးသမီးလေးက နောက်ကျနေလို့သမီးဆီမလာရဲဘူးဆိုလို့ဦးကိုယ်တိုင်လိုက်ပို့ပေးရတာ"

သခင် သူ့ကိုကြည့်လိုက်တော့သူ့အဖေနောက်ကလေးမှာကုတ်ကုတ်ကလေးလိုက်လာကာခေါင်းကိုငုံ့ထားသော အလင်းအားတွေ့ရ၏။

"ဟုတ်ကဲ့ဦး ...သူကဘာလို့နောက်ကျနေရတာလဲ"

"ခဏအိပ်ချင်လို့ဆိုပြီးအိပ်လိုက်တာနောက်ကျသွားတယ်သမီးရယ်...သမီးလေးက၃နာရီမထိုးခင်နှိုးခိုင်းပေမဲ့ ဦးလည်းသမီးလေးအိပ်နေတာသနားတာနဲ့မနှိုးဘဲထားလိုက်မိတာ"

စိတ်ထဲ၌သက်ပြင်းသာခိုးချမိသည်။ဦးသိန်းထွဋ်ဟာ သူ့သမီးကိုအလိုလိုက်လွန်းသည်။ဘာမဟုတ်တာလေးတွေကအစအလိုလိုက်နေတာမျိုးသဘောမကျပါ။လူဆိုတာစည်းနဲ့ကမ်းနဲ့နေရမည်မဟုတ်လား။သခင်ကတော့အဲ့ဒီလိုပဲသတ်မှတ်ထားသည်။

"ဟုတ်ကဲ့ပါ..‌ဒါပေမဲ့ နောက်ဆိုရင်တော့နောက်မကျစေပါနဲ့...သူနောက်ကျရင်သူ့အတွက်စာသင်ချိန်လျော့သွားလို့ပါ"

"အင်းပါ သမီးရယ်..နောက်တစ်ခါဆို နောက်မကျစေရပါဘူး"

"ဟုတ်ကဲ့"

"သမီး ဖေဖေ သွားတော့မယ်နော်"

"ဟုတ်"

ထိုကလေးကိုကြည့်လိုက်တော့ သူ့အဖေကိုမပြန်စေချင်သေးတဲ့ပုံပေါ်နေသည်။

"လာထိုင်လေ အဲ့မှာရပ်ပြီးဘာလုပ်နေတာလဲ"

"ဟုတ် သခင်"

"ရပြီလား မနေ့ကစာတွေက"

"ဟုတ်ရပါပြီ "

"ဒါဆို စာအုပ်ထုတ်လိုက်"

လင်း သခင်အိမ်စာပေးထားသောစာအုပ်ကလေးအားထုတ်လိုက်ကာသခင့်အားပေးလိုက်သည်။

"ရပြီ ဆိုလို့ရပြီ"

မနေ့ကသခင်အိမ်စာပေးထားသောစာ၅ပုဒ်အားအလွတ်ပြန်ရသည်။လင်းဘယ်လောက်ပဲပျင်းရိတဲ့သူဖြစ်ပါစေ။ သခင်ပေးတဲ့အိမ်စာများကိုမကျက်ဘဲမနေရဲခဲ့ပါ။ကျောင်းကဆရာ/ဆရာမတွေ‌ကိုတောင်သခင်လောက်မကြောက်ရပါ။‌ဆရာ/မတွေကမှစာမရရင်တစ်ခါတရံရိုက်သေးသည်။သခင်ကစာမရရင်ရိုက်သလားဆိုတော့လုံးဝမှမရိုက်ပါ။ရိုက်တာထက်နာတဲ့စကားလုံးတွေကိုရွေးပြောသည်။စာမရလာတဲ့နေ့ဆိုသခင့်နားနေရတာအလိုလိုပင်သိမ်ငယ်ရသည်။
စာမရတဲ့နေဆို ဆူပူပြီးရင် ကိုယ့်အားစကားလုံးဝမပြောတော့ပါ။ထိုအပြုအမူမျိုးကိုမခံနိုင်တဲ့လင်းကသာ သခင်ပေးတဲ့စာများကိုရအောင်ကျက်ရတော့သည်။

သခင် (Completed)Dove le storie prendono vita. Scoprilo ora