အပိုင်း(၆)

4.4K 239 6
                                    

Unicode

"သခင် လင်းကိုဘာလို့ခေါ်လိုက်တာလဲဟင်"

ကိုယ့်မှာသခင်ကဖုန်းမဆက်စဖူးဆက်သဖြင့်အံ့ဩခဲ့ရသေးသည်။သခင်ကဖုန်းဆက်ပြီးသူ့အိမ်ကိုလာရန်ပြောခဲ့သည်။
သခင့်လေသံမာနေသဖြင့် ကိုယ့်အားစိတ်ဆိုးနေတယ်ဆိုတာကိုတော့ခန့်မှန်းမိပါ၏။

"မင်းနဲ့ငါ့ကို မိဘတွေကပေးစားမလို့လုပ်နေတာမင်းသိလား"

"အဲ့..အဲ့ဒါက"

"ဘာလဲ မင်းသိပြီးသားလား"

လင်းဘာမှပြန်မပြောရဲသလိုသခင့်ကိုလည်းမကြည့်ရဲဖြစ်မိသည်။

"မေးနေတယ်လေ မင်းသိပြီးသားလားလို့"

"ဟုတ် လင်းသိပြီးပါပြီ"

"ဘာရယ် မင်းသိရက်နဲ့တောင် ငါ့ကိုဘာမှမပြောဘဲထားခဲ့တယ်ပေါ့"

လင်းခေါင်းငုံ့ထားမိသည်။သခင့်မျက်နှာကိုလည်းစေ့စေ့မကြည့်ရဲပါ။

"‌ဖြေလေ မင်းမှာပါးစပ်မပါဘူးလား"

"ဖေဖေစီစဉ်တာတွေပါ လင်းလည်းဘာမှမသိပါဘူး"

"ဒါနဲ့မင်းလက်ထပ်ပွဲကိုလက်ခံလိုက်လား"

လူလည်းအငွေ့ပင်ပျံချင်မိပါသည်။သခင်ဟာတရားခံစစ်သလိုစစ်နေသည်မဟုတ်ပါလား။

"ဟုတ်"

"ဘာရယ် မင်းရူးနေလား...ငါနဲ့မင်းကနှစ်‌ယောက်စလုံးမိန်းမတွေနော်...ပြီးတော့ငါ့မှာချစ်သူရှိတယ်"

သခင်ဟာ ကိုယ့်ပခုံးနှစ်ဖက်အား အားပါပါလှုပ်ကိုင်ရင်းဆိုသည်။သခင့်ရဲ့ကြောက်စရာပုံစံကိုမြင်ဖူး‌ခဲ့ပေမဲ့ ဒီတစ်ခါဟာအဆိုးဆုံးပါပဲ။အစိမ်းသက်သက်မျက်ဝန်းများဟာအရင်တုန်းကထက်ပိုစိမ်းကားနေသယောင်ရှိသည်။

"ဖေဖေစီစဉ်တာလေ လင်းဘာတတ်နိုင်မှာလဲ သခင်ရဲ့"

"မင်းမှာပါးစပ်မပါဘူးလား...ငြင်းလိုက်ပါလား..."

လင်း သခင့်ကိုသာငေးကြည့်နေမိသည် ။သခင်ဟာလည်းငိုတတ်သလား။သခင်ငိုတာမြင်ရခဲသည်မဟုတ်လား။မြင်ရခဲဆို တစ်ခါမှပင်မမြင်ဖူးခဲ့တာပါ။ကိုယ်တောင်တွေးမိသေးရဲ့ သခင်ဟာ မျက်ရည်မရှိတဲ့လူသားများလားဆိုပြီးတော့ပေါ့။ကိုယ်ကတော့သခင်နဲ့ဆန့်ကျင့်စွာအမြဲငိုယိုနေတတ်တဲ့လူတစ်ယောက်ဖြစ်ခဲ့သည်။ဒါတွေဟာလည်းသခင့်ကြောင့်သာကျခဲ့ရတဲ့မျက်ရည်များသာဖြစ်သည်။

သခင် (Completed)Tempat cerita menjadi hidup. Temukan sekarang