Unicode
ဝူမိသားစုတွင်
ထန်နင်သည် ဆောက်လုပ်ရေးအတုံးများနှင့် ကစားနေသည့် ဝူဟောက်ချန်ကို ကြည့်ကာ မေးလိုက်သည် "ဟောက်ချန် အဲ့နေ့တုန်းက မင်းကို မင်းရဲ့ ဦးလေးဖန်က ဘယ်လိုကယ်ခဲ့တာလဲ"
"သူက ကျွန်တော့်ရဲ့ရုပ်ပြစာအုပ်ကို ယူပြီး ကျွန်တော့်တည်နေရာကို ခြေရာခံဖို့ စက္ကူလူသား လုပ်ခဲ့တယ်လို့ နျန်နျန်က ပြောတယ်။ ပြီးတော့ ကျွန်တော့်ကို ရှာတွေ့ခဲ့ပြီး အပြင်ကို ခေါ်ထုတ်လာခဲ့တာ" ဝူဟောက်ချန်က စိတ်မရှည်စွာ ပြောလိုက်သည်။
"ဘယ်လို စက္ကူလူသားတုန်း" ထန်နင်က မေးသည်။
"စက္ကူလူသားပါဆို စက္ကူလူသားပဲပေါ့။ အမေ ကျွန်တော့်ကို မေးနေတာ အကြိမ်တစ်ရာလောက်ရှိနေပြီ" ဝူဟောက်ချန်က မကျေမနပ်ပြောလေသည်။
ထန်နင်က ကိုးရိုးကားရားပြုံးလိုက်ကာ "မင်းသိပါတယ်။ အမေက သေချာမမှတ်မိလို့ပါ"
ဝူဟောက်ချန်သည် သူမအား စိတ်ပူစွာ ကြည့်လိုက်ကာ "အမေ မင်းက အရမ်းငယ်သေးတာကို ဆိုးရွားတဲ့မှတ်ဥာဏ်ရှိနေရတာလဲ။ ဒါက မကောင်းဘူးနော်"
ထန်နင်က ခေါင်းခါ၍ ကူကယ်ရာမဲ့စွာ ဆိုလေသည် "မင်းအဖေက မကြာခင် ပြန်လာတော့မယ်ဆိုတော့ အမေအပြင်ထွက်ပြီး သွားကြည့်လိုက်အုံးမယ်"
"အားနင် မင်း ငါ့ကို ဖုန်းဆက်ပြီး ဟောက်ချန်ဆီမှာ တစ်ခုခု ဖြစ်လို့ဆို။ ဘာထပ်ဖြစ်ပြန်တာလဲ" ဝူစီဟန်သည် သူ့လက်ဆွဲအိတ်ကို ချရင်း စိတ်ပူစွာ မေးလိုက်သည်။
"ကံကောင်းစွာနဲ့ ဒီတစ်ကြိမ်က အချက်ပေးသံ မှားယွင်းသွားတာ။ ဒီနေ့ ငါ သူ့ကို စျေးဝယ်ထွက်ဖို့ ခေါ်သွားတော့ တိရိစ္ဆာန်ဆေးရုံရှေ့က ဖြတ်သွားရတယ်လေ။ ဖျားနေတဲ့ခွေးတစ်ကောင်က ပြေးထွက်လာပြီး သူ့ကို ကိုက်မိလုနီးပါးပဲ။ အဲ့အချိန်မှာ သူ့ကိုယ်ပေါ်က ကျောက်စိမ်းဆွဲသီးက အလင်းရောင်တွေ ထွက်ပေါ်လာပြီး အဲ့ခွေးကို လေထဲ ပစ်ထုတ်လိုက်တယ်။ ယဲဖန်က သူ့ကို ပေးထားတဲ့ တစ်ခုဆိုတာ မင်းသိပါတယ်" ထန်နင်က ပြောသည်။
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...