Unicode
ယဲဖန်အိမ်ထဲက ထွက်လာတော့ ချိုက်ကျန်ကျွင်း ချောင်းကြည့်နေတာကို တွေ့လိုက်ရသည်။
အနောက်ကနေ ပတ်သွားရင်း ယဲဖန်က မှောင်မည်းနေသော လေသံဖြင့် ဆိုလာခဲ့သည် "ဟေး မင်းဘာလို့အမြဲ ခိုးကြည့်နေရတာလဲ။ မင်းဘာလိုချင်လို့တုန်း"
ချိုက်ကျန်ကျွင်းသည် ထိတ်လန့်စွာ ခုန်မိသွား၏။ သူနောက်ပြန်လှည့်ကြည့်လိုက်တော့ ၎င်းက ယဲဖန်မှန်း တွေ့သွားသောအခါ ချက်ချင်းပင် အပြုံးတစ်ခုကို ချိတ်ဆွဲလိုက်ရင်း "သူဌေး မင်းထွက်လာပြီပေါ့။ မင်းက သရဲလား။ မင်းထွက်လာတာကို ကျွန်တော်တောင် မမြင်လိုက်ဘူး"
ယဲဖန်က နှာမှုတ်ရင်း "မင်းကန်းနေတာနဲ့ပဲ ဘယ်သူ့ကို အပြစ်လာတင်နေတာလဲ"
ချိုက်ကျန်ကျွင်းက သူ့လက်များကို ကိုးရိုးကားရား ပွတ်သပ်ရင်း "သူဌေး ကျွန်တော်က ချောင်းကြည့်နေတာ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော့လဲ အထဲ မဝင်ရဲပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက မင်းအိမ်ထဲကို ဒါဇင်နဲ့ချီတဲ့ လူတစ်အုပ်ကြီး ဖောက်ထွင်းဝင်လာပြီး ပြန်ထွက်လာတော့ အားလုံးရူးသွပ်ကုန်ကြတယ်လို့ ကြားလိုက်လို့လေ"
ယဲဖန်က လက်အား ဝှေ့ယမ်းကာ "ဘာလို့လဲဆိုတော့ သူတို့တွေက အရမ်းကြောက်တတ်လို့လေ။ သူတို့တွေသာ ငါ့လိုမျိုး ဘယ်အရာကိုမှ မကြောက်ရွံ့ဘူးဆို အဆင်ပြေမှာလေ"
ချိုက်ကျန်ကျွင်းလဲ ခေါင်းငြိမ့်ထောက်ခံလိုက်သည် "ဟုတ်တယ်။ ဒါအမှန်ပဲ။ မင်းလိုမျိုး ရဲရင့်ပြီး အကြောက်တရားကင်းမဲ့တဲ့လူသာဆို ဘာမှကို မကြောက်တာ"
"သူဌေး အခု သူတို့တွေ ဘယ်လိုနေလဲ" ချိုက်ကျန်ကျွင်းက စပ်စပ်စုစု မေးလိုက်သည်။
ယဲဖန်က မျက်လုံးများကို ကျဥ်းမြောင်းလိုက်ရင်း "ဘယ်သူသိမှာလဲ။ စိတ္တဇဆေးရုံ အပို့ခံရမှာပေါ့။ သတ္တိကြောင်တဲ့ လူတစ်စုက သူတို့ရဲဘော်တွေအတွက် ရပ်တည်ပြီး သူရဲကောင်းဖြစ်ဖို့ ကြိုးစားပြနေတာလေ"
YOU ARE READING
သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သား
Adventure"ကျွန်တော် သူ့ကို လက်ထပ်ချင်တယ်" "သခင်လေးဖန် သူက ချမ်းသာတဲ့ ဒုတိယ မျိုးဆက်၊ တည်ထောင်သူမိသားစုရဲ့ တတိယမျိုးဆက် ပြီးတော့ မြို့တော်မှာ မြင့်မြတ်ပြီး ကျော်ကြားတာနော်။ သူက မင်းကို လက်ထပ်မှာ မဟုတ်ဘူး " "ဘာလို့လဲ ။ ကျွန်တော်က ချောပြီး ထက်မြက်တယ် ခြေလှမ်း...