Part 13 U

3.9K 233 11
                                    

"" ဟယ်လို ""

"" ဟယ်လို အမပါ ဒါလီယာဝမ် ""

"" ဘာကိစ္စလည်း ""

"" အမ မင်းနဲ့ခနတွေ့ချင်တယ် ""

""ကျွန်တော်နဲ့အမကြားမှာပြောစရာစကားတစ်ခုမှမရှိဘူးထင်တယ် ""

"" ချန်ဒလာ့အကြောင်းဆိုရင်ကော။ မင်းချန်ဒလာ့အကြောင်းမသိချင်ဘူးလား ""

ယိမ်းယိုင်အနည်းငယ်တော့တွေးဆဆ ဖြစ်သွားရသည်။ ချန်ဒလာ့အကြောင်းဘယ်ဟာမှသူရေရေရာရာသိခဲ့ခြင်းမရှိခဲ့။‌ နောက်ကြောင်းတွေရောပေါ့။နောက်ပြီးချန်ဒလာနဲ့ဒါလီယာဝမ်နဲ့ဘယ်အတိုင်းအတာထိပတ်သတ်ခဲ့ကြသလဲဆိုတာပါသူသိချင်သည်။ကောင်းခြင်းဖြစ်ဖြစ်၊ဆိုးခြင်းဖြစ်ဖြစ် သူသိချင်လှသည်။ သူအနည်းငယ်လောက်စဉ်းစားပြီးမှ ဒါလီယာဝမ်ရဲ့ပြောကြားချက်ကိုသဘောတူလိုက်သည်။

"" ဘယ်နေရာကိုလာတွေ့ရမလဲ ""

"" အမ message ပို့လိုက်မယ် အမနဲ့မင်းနဲ့တွေ့တာ ချန်ဒလာမသိစေနဲ့ ""

"" ကောင်းပြီ ""

တီ တီ !

ဖုန်းလေလှိုင်းထဲ ပြတ်တောက်သွားသည်နှင့်စားပွဲပေါ်မှာတင်ထားသည့် ဆရာ Sint Nyi ရေးသားထားသည့် Peace စာအုပ်ကိုသာ ဖတ်ရှုနေလိုက်သည်။ အပြင်လောကနှင့်ဆက်စပ်ပြီးရေးသားထားတဲ့အပြင် လူ့တန်ဖိုး၊ သိက္ခာတရား၊ ပြသနာတစ်ခုကိုကိုင်တွယ်ဖြေရှင်းပုံ တွေကို ထိထိမိမိလမ်းညွှန်ရေးသားထားတာပင်။ဖတ်ရတာပေါ့သွားခြင်းမရှိ တစ်ခန်းနှင့်တစ်ခန်းကိုမတူညီစွာဆွဲဆောင်လွန်းအားကြီးလှသည်။

တောင် !

သူစာဖတ်နေရင်းမှ Message ဝင်လာသောကြောင့် ဖုန်းscreen လေးဟာအနည်းငယ်မျှလင်းသွားတော့သည်။ယိမ်းယိုင်ဖတ်‌နေသည့်စာအုပ်ကို စားပွဲပေါ်တင်ထားခဲ့ကာ ဝင်လာသည့်မက်ဆေ့စ်ကိုကြည့်လိုက်သည်။

' Tara Coffee Bar '

တစ်ဆက်ထဲမှာနေ့ခင်း ၁၂ နာရီတွေ့ဆုံဖို့ပါချိန်းဆိုထားပြန်သည်။ ဖုန်းနာရီကိုကြည့်တော့ ၁၁ ခွဲခုချိန်ပြင်နေရင်မမှီတော့။ဒီတိုင်းဝတ်နေကြအဝတ်နှင့်သွားဖို့သာဆုံးဖြတ်‌လိုက်သည်။ Shirt အဖြူကို အပေါ်ကနေ vest ကာကီရောင်နှင့်ဝတ်ဆင်ထားကာအောက်ကတော့ဘောင်းဘီအမဲရောင်ပင်။ ဒါဟာသူပုံမှန်ထသွားထလာဝတ်နေကြပုံစံမျိုး။

CHANDLER { Ongoing }Where stories live. Discover now