Part 18 U

3.2K 170 14
                                    

Warning

"" ကျုပ်ကိုစိုက်ကြည့်နေမယ့်အစား ကျုပ်မေးတာဖြေ။ ခင်ဗျားကျုပ်ကိုချစ်လား ""

သူ့အပေါ်ကြည့်နေတဲ့အကြည့်တွေအောက်ကနေတစ်ချက်မျှရှောင်မလွှဲ။တစ်စိုက်မတ်မတ်ပြန်ကြည့်နေမိသည်။ဒီလူသားကို သူဘယ်လိုပြန်ပြောရပါ့မလဲ။

"" စစ်မြေပြင်မှာ မေတ္တာပန်းမစိုက်ပျိုးချင်ဘူးချန်ဒလာ ""

"" ဒါကျုပ်လိုချင်တဲ့အဖြေမဟုတ်ဘူး ""

"" လောလောဆယ် ငါ့မှာမင်းကိုပေးနိုင်တာဒီအဖြေပဲရှိတယ် မင်းလွှတ်ပေးတော့ ""

မလွှတ်ပေးပဲခါးနားတစ်ဝိုက်ကိုပိုတိုးလို့ဖက်လိုက်ကာကိုယ့်ရင်ဘတ်ပေါ်မျက်နှာကပ်လာသူ။အရင်တွေနဲ့မတူစွာပြောင်းလဲနေသူအားသူလို့ကိုယ့်ဘာသာပဲနေတတ်တဲ့လူတောင်သတိထားမိလာချေပြီ။ဘာလို့များလည်းသူ့ဒယ်ဒီနှင့်ပြဿနာတတ်ခဲ့လို့များလား။ပြောရမယ်ဆို သူ့ဒယ်ဒီပြန်သွားပြီးကတည်းကငြိမ်သက်‌ နေကာသူ့အပေါ်စကားလုံးကြမ်းတမ်းစွာမပြောဖူးတာပင်။ကိုယ့်မှာသူ့ဒယ်ဒီတောင်ကျေးဇူးတင်ရမလိုလို။

' မင်းဘာတွေဖြစ်နေပြန်တာလဲ '

"" ခင်ဗျားကျုပ်ကိုချစ်လား ""

"" ဘာလို့ ဒါကိုပဲခနခနမေးနေရတာလည်း။ဒါဆို ငါလည်းမင်းကိုပြန်မေးမယ် မင်းကောငါ့ကိုချစ်လား ""

"" ကျုပ်ခင်ဗျားကိုမချစ်ဘူး။ ဒါမယ့်ခင်ဗျားကတော့ကျုပ်ကိုပဲချစ်နေရမယ် ""

ပြန်ပြောလိုက်ပုံကတွေဝေခြင်းတောင်မရှိပေ။ဘယ်လိုတောင်အဓိပ္ပါယ်မရှိလိုက်တဲ့စကားလုံးကြီးလည်း။သူ့ဖို့သာအမြဲကြည့်တတ်တဲ့တစ်ဘို့ထဲနွားလိုလူဟာခုချိန်မှာသူများခံစားချက်ထည့်မတွက်ခဲ့။

"" ခင်ဗျားကိုကျုပ်တစ်ယောက်ထဲ ပိုင်ချင်တယ်။ခင်ဗျားရဲ့ခန္ဓာကိုယ်၊ ခင်ဗျားရဲ့စိတ် အကုန်လုံးကကျုပ်တစ်ယောက်ထဲအပိုင် ""

"" အတ္တကြီးလိုက်တာ .. ""

"" ကျုပ်တို့ လုပ်ရအောင် ""

"" ဘာ ""

ချန်ဒလာ့၏စကားတစ်ခွန်းကြောင့်သူ့မှာအလန့်တကြားတောင်ဖြစ်သွားရသည်။ဘာာလို့ဆိုသူတို့ကကားပေါ်မှာပင်။နောက်ပြီးကားလမ်းမကြီးပေါ်မှာမဟုတ်ရင်တောင်လမ်းချိုးကွေ့လေးထဲမှာမို့ လူသွားလူလာတော့ရှိသည်။တော်ကြာတစ်ယောက်ယောက်မြင်သွားမှဖြင့် ချန်ဒလာစဉ်းကောစဉ်းစားရဲ့လား။မဖြစ် ဒီလိုနေရာကြီးမှာတော့မဖြစ်။

CHANDLER { Ongoing }Where stories live. Discover now