part 9

1K 91 5
                                    

🌺အငြိုး🌺

ဂျောင်ကုတယောက် ရုံးခန်းထဲရောက်တော့ စိတ်အလိုမကျဖြစ်သွားသည်။ အသားဖြူဖြူ ဆံပင်ခါးလယ်လောက်ရှိပြိး ဂါဝန်အဖြူလေးနဲ့ ကောင်မလေးတယောက် သူ့ကိုကျောခိုင်းကာ မှန်ပြတင်းပေါက်ဘက်မျက်နှာမူပြီး  သဘာဝအလှတရားကို ခံစားနေသည်ထင်။

"ဟိတ်..မိန်းခလေး..."

"....."

ထိုမိန်းခလေးမာ စကားလဲပြန်မပြောသလို လှည့်လဲ ကြည့်မလာပါ။

"ဒီမယ် မိန်းခလေး သူများ ကုမ္ပဏီကိုလာပြီး သူများရုံးခန်းထဲထိဝင်နေရုံတောင်မက မေးတာလဲမဖြေဘူး မင်း တရာမလွန်ဘူးလား..."

"ဟီး...အိုပါး ကုမ္ပဏီမို့လာတာ
အိုပါး ရုံးခန်းထဲမို့ ဝင်တာ
အိုပါးမလို့ စကားမပြောတာ ရှင်းပြီလား"

"ဟင်!!!Soo လေး.."

"ဟွန့်..ပြန်တော့မယ်..."

"ဟောဗျာ နေပါအုံး.."

"ဘာမှမပြောဘဲလာမိတာ လွန်တာပေါ့နော် အိုပါးကို surprise ဖြစ်အောင်လို့ လုပ်မိတာပါ..ဟူး.."

"ငယ်ငယ်ကအတိုင်းဘဲ..အကျင့်လေးကိုက..."

"ဟီး..."

"ဒါနဲ့ ဘယ်တုန်းက ပြန်ရောက်တာလဲ..."

"မနေ့က..."

"အပြီလား..."

"No..."

"အပြီးနေလေ ဘာပြန်လုပ်အုံးမလို့လဲ..
ဘာလဲ စောင့်နေတဲ့သူရှိလိူ့လား..."

"အင်း.."

"ဟမ်!!!တကယ်....
ခလေးဘဲရှိသေးတာကို ရီးစားထားနေပြီလား.."

"အိုပါး sooက အရွယ်ရောက်ပြီးသားပါနော်..
ဘာကိုခလေး ....အင်းပေါ့ ဟျောင်းတို့ အိုပါးတို့ မျက်စိထဲမာတော့ sooက ခုထိခလေးပေါ့.."

"စကားတေတတ်လာတယ်....
ပြီးတော့ အရမ်းချစ်စရာကောင်းလာတယ်..."

"ဟွန့်...အပိုတေ...
အိုပါးရော ရီးစားရှိပြီလား..."

"ခုထိတော့ မသေချာသေးပါဘူး.."

"ဒါဆိုချစ်ရသူရှိနေပြီပေါ့..ဟီး!!!!"

"ထင်သလိုပဲ.."

"မိတ်ဆက်ပေးအုံး...
Soo အိုပါးကို ဘယ်သူလုသွားတာလဲလို့ ..."

🌺အငြိုး🌺Where stories live. Discover now