part 21

1.1K 120 15
                                    

🌺အငြိုး🌺

ကိုယ့်ယ်ပြုသမျှကံ ကိုယ်ဆီပြန်လာတာပဲ။
ခံရမာပေါ့....အသဲတေလဲ ကြေစရာမရှိတော့ဘူး...Dady...ဟန်ဆောင်ချစ်ရင်ကနေ တကယ်ပဲချစ်မိသွားတယ်။ ကလဲစားချေချင်လို့ လုပ်ရင်းကနေ မလုပ်ရက်တော့လို့ ဒီအခြေနေလေးထိပဲ လုပ်ခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံး babyပဲ ပြန်ခံရတယ်တဲ့လား။ အကုန်လုံး ဆုံးရှုံးသွားတာ babyရယ်ပါ dady။ တကယ်ပဲ လက်လွှတ်ရတော့မယ်လား...။

"ဂျီမင်...."

"......"

"တံခါးဖွင့် ..."

"...."

"ကိုယ်ခေါ်နေတာ ကြားလား...."

"ခနလောက်တော့ လွှတ်ထားပေးပါ...ခနလေးပဲ..."

"ငါ ဗိုက်ဆာတယ်..."

"ဘာလို့လဲ ...အ့လောက်တောင် နှိက်စက်နေရတာလဲ...
လက်မပါဘူးလား..."

ငိုတာတောင် အကောင်းမငိုရ...။
သူဗိုက်ဆာတယ်ဆိုတော့ ကိုယ်လဲ မနေနိုင်ဘူး...မျက်ရည်တေ အကြမ်းပတမ်းသုတ်ပြီး တံခါးဖွင့်လိုက်သည်။

"လုပ်ပေးရင် ရပြီမလား..."

သူ့ကိုကျော်ပြီး ခြေလှမ်းများရှေ့ဆက်လိုက်သော်လည်း....
အနောက်ကနေ သိုင်းဖက်ထားသူ....

မျှော်လင့်ချက်တေ ထပ်မပေးပါနဲ့တော့ dadyရယ်။ ကြာရင် လက်လွှတ်မခံနိုင်ဘဲ baby သေသွားလိမ့်မယ်..။

"ခနလေး ကိုယ်သတိရလာတဲ့ထိ စောင့်ပေးပါ..."

"အ့ချိန်ကရော ဘယ်တော့လဲ..."

"ကိုယ်ကြိုးစားပါ့မယ်....'

"အ့ချိန်ထိ baby သည်းမခံနိုင်ခဲ့ရင်ရော..."

"မလုပ်ပါနဲ့..."

"Baby တကယ် ပင်ပန်းနေပြီ...
တကယ် အဝေးကို ပြေးထွက်သွားခြင်ပြီ..."

"ခနလေးပဲ စောင့်ပေးပါ..."

"ဘာလဲ Dady လက်ထပ်ပွဲ ပြီးသည်ထိလား..."

"မဟုတ်..."

"လွှတ်..ဗိုက်ဆာနေတယ်မလား ဘာစားချင်လဲ လုပ်ပေးမယ်.."

"Baby..."

ဒီနာမ်စားလေးက Dady ခေါ်နေကြမို့ ခြေလှမ်းများ ရပ်တန့်သွားမိသည်။တောင်းပန်ပါတယ် ဂျီမင်..."

🌺အငြိုး🌺Where stories live. Discover now