2(ZawGyi)

430 7 0
                                    

Part-2

ကားတစ်ကားထံ၌ ခလေးနှစ်ယောက်ရဲ့ ပျော်ရွှင်စွာ ရယ်မောသံတွေက အမှောင်ထုထဲ
ဖုံးလွှမ်းလျှက်။ နူတ်မှ စကားတစ်ခုကိုဆိုတိုင်းအပြုံးမပျက်တဲ့သူမ၏ ပုံရိပ်ကရုတ်တရက်ဆိုသလိုဘဲ သွေးစီးလာခဲ့၏။
ဆီပြင်းပြင်းရနံ့တွေ ရာဘာမီးလောင်တဲ့ ရနံ့တွေက ခန္ဓာကိုယ်ထဲ၌ တစ်စုတစ်စည်းထဲတိုးဝင်လာခဲ့၍

"ယန် ယန် !! ဘာမှမဖြစ်ဘူးမမရှိတယ်"

"အဟင့် အဟင့် အင့်"

"ယန် မ မငိုရဘူး အဟွတ် မမ မမလိုင်း မင်းကို ကာကွယ်ပေးပါ့မယ်"

"မမ သားကြောက်တယ် အီးဟီး သားကြောက်တယ်"

မီးလောင်စတွေက ခလေးငယ်ပေါ်သို့ကျရောက်မှာဆိုး၍ အပေါ်ကနေအုပ်လျှက် ကာကွယ်ပေးရင်း သူမရဲ့ ကိုယ်သင့်နံ့က နှခေါင်းထဲ၌ ယခုချိန်ထိကို ဆွဲကပ်လာခဲ့၏။
မြင်ယောင်လာတဲ့ပုံရိပ်ဆိုးကြီးနဲ့အတူ
ကျရောက်လာတဲ့ မျက်ရည်ပူတွေကလည်းတစ်ပြိုင်နက် စီးဆင်းနေပြန်၏

"ရိဏ်းငုဝါ!!အခုချက်ချင်းထွက်ခဲ့စမ်း!!"

"ကို ဘာဖြစ်လာရပြန်တာ အွတ်!"

အပြင်က ဦးသီဟထင်ရဲ့ အော်သံကြောင့်
ကျနေဆဲ မျက်ရည်တွေကို လက်ဖြင့် အမြန်သုတ်ကာထွက်လာခဲ့၏ဒီတခါလဲ ရူံးမဲမဲလာပြန်ပြီလားမသိပေ။

"မင်းငါ့ကို အဲ့လေသံနဲ့ပြောစရာဘာစောက်ကြောင်းမှမရှိဘူး မင်းသားကြောင့် ငါပွဲမှာ ဘယ်လောက်ထိ စောက်ရှက်ကွဲခဲ့လဲမင်းသိလား"

"ရိဏ်း နာနေပြီကို "

"အေနာနေရင်ခံလိုက် မင်းတို့သားအမိက ဒီလိုလုပ်ထားမှ တော်ရာကျတာ "

ဖြန်း!!!

"ကို ရိဏ်းကိုမလုပ်ပါနဲ့ ရိဏ်းသားလေးကိုဆုံးမထားပါမယ်"

ဦးသီဟထင်ရဲ့အကြည့်တွေနဲ့ ရွယ်နေတဲ့ လက်တွေကြောင့်ဒေါ်ရိဏ်းငုဝါ ဒူးထောက်စွာလက်အုပ်ချီလျှက် မလုပ်ပါနှင့်ဟုတောင်းဆိုနေပေမယ့် လူစိတ်မဲ့နေတဲ့သူကတော့ ဒါတွေကို ဂရုမစိုက်ဘဲ မိန်းမရဲ့ ဆံပင်ကိုဆွဲ၍ ပါးပြင်ထက်သို့ နာကျင်အောင်ထပ်ရိုက်နေပြန်သည်။ပြည်သူ့အတွက်သာ အပေါယံကောင်းရင်ကောင်းပေးလိမ့်မည် ဇနီးနဲ့ဆိုရင်တော့ အမြဲတမ်းဒီမကောင်းတဲ့ စရိုက်နဲ့ပင်။

Scared But Happy(Ongoing) Tahanan ng mga kuwento. Tumuklas ngayon