Part-3
လုယန်ကို သူ့ရဲ့ဘေးမှာ ထည့်ခိုင်း၍
Leo ကိုလည်း နောက်မကြည့်ဘဲ ကားသာ ဆက်မောင်းခိုင်းစေလိုက်၏။
ဘေးက ကောင်လေးကို ကြည့်လိုက်တော့မျက်နှာ မှာ ဒဏ်ရာတွေပါလာတာကို သတိပြုမိတဲ့အခါ။"Leo မင်းဒီအကောင်ကြောင်းစုံးစမ်းဖူးသေးလား"
"ကျွန်တော်စုံစမ်းခဲ့တာကဘာမှအထွေအထူးမရှိပါဘူး အသိမိတ်ဆွေဆိုလို့ ဦးသီဟထင်ရဲ့ မိတ်ဆွေတွေဘဲရှိတာ"
"ဒါဆိုဒီကောင့်မျက်နှာက ဘာလို့ဒဏ်ရာတွေပြည့်ပြီး လမ်းလယ်ခေါင်ကြီးမှာ သတိလစ်နေရတာလဲ အငြိုးဘာတွေရော မဖြစ်နိုင်ဘူးလား"
"ကျွန်တော်ကတော့ မဖြစ်နိုင်ဘူးလို့ထင်တယ် ဘာလို့ဆို သူက လူသိရှင်ကြားနေရတာမကြိုက်ဘူး အေးဆေးနေတာလို့ထင်မိတယ်"
သတိလစ်နေတဲ့ လုယန်ကိုကြည့်လိုက်တော့ တုန်ယင်နေပြီး မျက်နှာမှာလဲ မျက်ရည်ပူတွေကျနေတဲ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကလည်းပူခြစ်တောက်နေခဲ့၏
"Leo အခြေအနေမကောင်းဘူး မြန်မြန်မောင်းကွာ ကားပိတ်နေတယ်ဆိုလည်းဝင်သာကျုံးလိုက် ကျစ်!"
ယခင်ကထက်ပိုမြန်လာတဲ့ အရှိန်ကြောင့် ဘေးက ကောင်လေးကို သတိထားမိတာက သူ့ရဲ့လက်နှစ်ဖက်ကို တင်းတင်းကြပ်ကြပ်ဆုတ်ထားပြီး ရင်ဘတ်ကိုလည်းဖိထား၍မွန်းကြပ်နေဟန်။
"ရပ်ပေး!"
"မင်းကများငါ့ကိုလာအော်နေတယ် ဖြတ်ရိုက်လိုက်အုန်းမယ်"
"နောက် နောက်မှရိုက် အခုရပ်ပေး!အင့်"
လုယန် မျက်လုံးပွင့်လာတာနဲ့
သူစီးလာတဲ့ဆိုင်ကယ်မဟုတ်တော့ဘဲ ကားပေါ်ရောက်နေတာမို့ ရုတ်တရက်ဆိုတာကြပ်လာခဲ့တာ တကယ်တော့ လုယန်က ကားကိုအလွန်ကြောက်သည် ကားစီးလို့လည်းမရပေ။ကားစီးတာနဲ့ အသက်ရူကြပ်သည်အထိ ဒါကလည်း ငယ်ငယ်ကရခဲ့တဲ့ truma အကြီးစားကြောင့် phobia ဝင်လာခြင်း။"Leo မောင်းစရာရှိတာမောင်းဂရုမစိုက်နဲ့"
"ဟုတ်ပြီ"
ကားရဲ့အရှိန်က ပိုပြင်းလာလေလေ အသက်ရူက ပိုကြပ်လာလေဘဲ။
"တောင်းပန်ပါတယ် ကျွန် ကျွန်တော့် ဟမ့်"
YOU ARE READING
Scared But Happy(Ongoing)
Actionဇိုင်းအတ္တသျှမ် + လမင်းလုယန် စိတ်ကူးယဉ် ဇာတ်လမ်းဖြစ်သည့်အတွက် အပြင်ဘဝနဲ့မရောနှောပါနှင့်။ Fiction ကိုဘဲဖတ်ပြီး Fiction ထဲမှာဘဲ နှစ်မြော ပေးကြပါနော် ။ 18+ !!!!!!!!!!