Chapter (17)

604 127 1
                                    

 လော့ဝမ်ကျွင်းမှာ ထိတ်လန့်လွန်းရတာကြောင့် စကားပင်မပြောနိုင်တော့။ သူ လော့ခိုင်းဖန်းနှင့် ဟော်မိန့်ကြားက အဖြစ်အပျက်တွေကို မသိခဲ့ပါချေ။

လော့၀မ်ချန်က သရော်တော်တော်နိုင်စွာ ပြောလိုက်သည်။

“ မင်းရဲ့စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ကျက်သရေတွေကို ငါဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ်လောက်ကြာအောင် လုယက်ခဲ့တယ်ဆိုရင်တောင် မင်းအသိအမှတ်ပြုခံရပြီးတာနဲ့ ငါ့ကိုနည်းလမ်းအမျိုးမျိုးနဲ့ အရှက်ခွဲဖို့ လုပ်ခဲ့တာပဲမဟုတ်ဘူးလား။ မင်းငါ့ကို ဟန်ယင်ကို ထိခိုက်စေအောင်လုပ်ခဲ့ပြီး ထောင်သုံးနှစ်ကျစေခဲ့တာပဲလေ၊အဲ့တာတွေနဲ့တင်မင်းကိုပြန်ပေးဖို့ မလုံလောက်သေးဘူးလား? "

" အဲ့တော့ မင်းကဘာလဲ။ ဘာကိစ္စ ငါမင်းကို အကြွေးတင်နေတယ်လို့ မင်းကခံစားရတာလဲ? ဘာကိစ္စငါ့ကိုအသေသတ်ဖို့အထိ ကြိုးစားခဲ့ပြီး အကြိမ်ကြိမ် နှိပ်စက်နေခဲ့တာလဲ?! "

လော့၀မ်ကျွင်း၏ မျက်လုံးများ ပြူးကျယ်သွားကာ သူ့ကိုယ်တွင်းမှ နာကျင်မှုများကိုပင် မေ့လျော့သွားလေသည်။

 " မင်း ..မင်း ဒါတွေအကုန်လုံးကိုသိနေတာလား? "

လော့၀မ်ချန် လှောင်ရယ်လိုက်မိတော့သည်။

ဟန်ယင်ဟာ လော့၀မ်ကျွင်း၏ မွေးစားအမေ ဟန်မုန့်ဖန်း၏သမီးဖြစ်သည်။ ဟန်မုန့်ဖန်းက စောစီးစွာ ဆုံးပါးသွားခဲ့ရာ ဟန်ယင်ကပင် လော့ဝမ်ကျွင်းအား ပျိုးထောင်ခဲ့ရသည်။ နှစ်ယောက်သားဟာ သွေးချင်း မစပ်ပေမဲ့ မောင်နှမအရင်းထက်ပင် ရင်းနှီးခဲ့၏။

လော့၀မ်ချန်က လေသံတိုးတိုးဖြင့် ပြောလိုက်၏။

 “ ငါဒီထက်ပိုပြီးလည်းသိတယ်၊ မင်းရဲ့အကြံအစည်က ငါ့ကိုဖျက်ဆီးဖို့တင်မကဘဲ ဟန်ယင်ကို ဖယ်ရှားဖို့ဆိုတာလည်း ငါသိတယ်၊ ဟန်ယင်က အခုနိုင်ငံခြားက ပြန်လည်ထူထောင်ရေးစင်တာမှာ ရှိနေတယ်မလား။ သူကိုယ်တိုင် လက်နဲ့ပျိုးထောင်ခဲ့တဲ့ မောင်ကောင်လေးက သူ့ကို လမ်းပိတ်ကျောက်တုံးလိုသဘောထားပြီး သတ်ခဲ့တာမှန်း သိသွားရင် သူဘယ်လိုတွေးမလဲ ငါသိချင်မိသား "

ချစ်ရပါသော လူကြီးမင်းလု(ဘာသာပြန်)Where stories live. Discover now